Lifestyle: မန်နေဂျာဆိုးနှင့် အလုပ်လုပ်ရပါက ဆေးလိပ်သောက်သလိုပင် အသက်တိုနိုင်

မန်နေဂျာဆိုး၊ သူဌေးဆိုးတွေနဲ့ အလုပ်လုပ်ရခြင်းဟာ ဆေးလိပ်သောက်သလိုပဲ ကျန်းမာရေးထိခိုက်မှု ရှိတယ်လို့ လေ့လာချက်က ဖော်ထုတ်လိုက်ပါတယ်။

သင့်ကို မြန်မြန်အသက်တိုစေမယ့် အရာက တစ်နေ့ကို ဆေးလိပ် တစ်ဘူးနှုန်းနဲ့ သောက်နေတာလို့ ထင်ပါသလား။ ဆေးလိပ်သောက်သလိုပဲ သင့်ကို မြန်မြန် အသက်တိုစေတဲ့ အရာရှိပါတယ်။

play

 

အဲဒါကတော့ ကိုယ့်ကိုဒုက္ခပေးတဲ့၊ မနှစ်မြို့ဖွယ်ကောင်းတဲ့ ဌာနအကြီးအကဲ ဒါမှမဟုတ် လုပ်ငန်းရှင်သူဌေးရဲ့ လက်အောက်မှာ အလုပ်လုပ်နေရခြင်း ဖြစ်ပါတယ်။ အမေရိကန်စိတ်ပညာရှင်အသင်းရဲ့ သုတေသနစစ်တမ်းအရ အမေရိကန် အလုပ်သမား ၇၅ ရာခိုင်နှုန်းလောက်ဟာ မသိသား ဆိုးရွားလှတဲ့ အကြီးအကဲတွေကြောင့် စိတ်ဖိစီးမှုကို နေ့စဉ် ခံစားကြရပါသတဲ့။

၅၉ ရာခိုင်နှုန်းလောက်က ဒီလိုဆိုးရွားတဲ့ မန်နေဂျာ၊ ဒါမှမဟုတ် ဌာနဆိုင်ရာ အကြီးအကဲ လက်အောက်မှာ ဆက်လုပ်နေကြတယ်လို့ ဆိုပါတယ်။ ဒီဖီစီးမှု များလာလေလေ အဲဒီအလုပ်ကို မစွန့်ခွာနိုင်လေလေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ပိုပြီးသင့်တော်မယ့် လုပ်ငန်းခွင် အသစ်တစ်ခုကိုလည်း ရှာဖို့ မစဉ်းစားကြတော့ပါဘူးတဲ့။

play

 

ဟားဗက်စီးပွားရေးတက္ကသိုလ်နဲ့ စတန်းဖို့ဒ် တက္ကသိုလ်တို့ ပေါင်းလုပ်တဲ့ စစ်တမ်းအရ အလုပ်မှာ ဖိအားများလို့ ကျန်းမာရေးထိခိုက်မှုဟာ ဆေးလိပ်သောက်သူဘေးနားမှာ နေတဲ့သူတစ်ယေက်လိုပဲ ရောဂါရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ဌာနအကြီးအကဲနဲ့ သင့်ရဲ့သူဌေးဆိုးဆီက လာတဲ့ ဖိအားတွေဟာ ဆေးလိပ်သောက်သလို ရောဂါရနိုင်တယ်ဆိုတာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ