Lifestyle: သတို့သမီးတွေ အတွက် အိန္ဒိယ စိန်ကုန်သည်ကြီးရဲ့ စေတနာ

အစဉ်အလာအရ အိန္ဒိယမှာ မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို သတို့သမီးဘက်က အများစုကျခံရသလို သတို့သားကို တင်တောင်းရတဲ့ ဓလေ့လည်း ရှိပါတယ်။

play

အိန္ဒိယစိန်ကုန်သည်တစ်ဦးရဲ့ စေတနာကြောင့် နှစ်စဉ် ရာပေါင်းများစွာသော ဆင်းရဲနွမ်းပါးတဲ့ သတို့သမီးတွေဟာ ငွေကုန်ကြေးကျမရှိပဲ မင်္ဂလာဆောင်ရလေ့ရှိပါတယ်။ အခု ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း စိန်ကုန်သည် မာဟက်ရှှ်ဆာဗာနီက သတို့သမီး ၁၅၁ ဦးအတွက် မင်္ဂလာဆောင်စရိတ်ထုတ်ပေးပြီး ဂူဂျာရက်ပြည်နယ်မှာ  ကြီးမားတဲ့ မင်္ဂလာပွဲကြီး ကျင်းပပေးခဲ့ပါတယ်။

play

 

အိန္ဒိယမှာ မင်္ဂလာဆောင်ကြတဲ့အခါ သတို့သမီးဘက်က ငွေကုန်ကြေးကျများလေ့ရှိပါတယ်။ အစဉ်အလာရိုးရာ အရ သတို့သမီးမိသားစုဘက်က သတို့သားဘက်ကိုတောင် လက်ဖွဲ့ကြီးကြီးမားမား ပေးရလေ့ရှိပြီး ဧည့်သည်တွေ အတွက်လည်း အစားသောက် ကုန်ကျစရိတ်ကို တာဝန်ယူရလေ့ ရှိပါတယ်။

play

 

စိန်ကုန်သည်ကြီး ဆာဗာနီက အဖေမရှိတော့ပဲ နွမ်းပါးတဲ့ သတို့သမီးတွေကို မင်္ဂလာဆောင်ပေးနေရတာကလည်း အကြောင်းရှိပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက သူရဲ့ ဝန်ထမ်းအမျိုးသား တစ်ဦးဟာ သမီးဖြစ်သူတွေရဲ့ မင်္ဂလာဆောင်မတိုင်ခင် ရက်အနည်းငယ် အလိုမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီက စလို့ ဖခင်မရှိတော့ပဲ နွမ်ပါးသူသတို့သမီးတွေကို နှစ်စဉ်အများအပြား မင်္ဂလာဆောင်ပေးနေတာ အခု ထိတိုင်ပါပဲ။ 

ဒီနှစ်မှာ သတို့သမီး ၁၅၁ ဦးအတွက် မင်္ဂလာဆောင် ကုန်ကျစရိတ်က ရူပီးသန်း ၅၀ ရှိတယ်လို့ ဆာဗာနီက ပြောပါတယ်။ ဧည့်သည်ပေါင်း တစ်သိန်းနီးပါးလောက်က သုံးရက်ဆက်တိုက် မင်္ဂလာဆောင်မှာ လာရောက်စားသောက်ကြတာ ဖြစ်ပါတယ်။

Source & Photos : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ