Lifestyle: မြန်မာနိုင်ငံ၏ ပထမဆုံးသရီးဒီ လမ်းလျှောက်ပွဲ  ပါဝင်သူ ၂,၅၀၀ ကျော်ရှိခဲ့

အဆိုပါ လမ်းလျှောက်ပွဲမှ ရရှိသည့် စာရင်းသွင်းခ ကျပ် (၂၁)သိန်းကျော်ကို ရန်ကင်းကလေးဆေးရုံ သို့လှူဒါန်းခဲ့သည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၆) ရက်နေ့က ရန်ကုန်မြို့ ၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသရီးဒီ လမ်းလျှောက်ပွဲတွင် ပါဝင်သူ ၂,၅၀၀ ကျော်ပါဝင်ခဲ့သည်။

play

 

အုပ်စုတစ်ခုလျှင် လူဦးရေ (၅၀၀)ခန့်ဖြင့် (၅) စုခွဲ၍ နံနက် (၇)နာရီခန့်၌ စတင်ခဲ့သည့် လမ်းလျှောက်သူများသည် ပြည်သူ့ရင်ပြင်ပတ်လမ်းအတိုင်း လမ်းတစ်ပတ်လမ်းလျှောက်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် 3D ရုပ်ပုံများ ရေးဆွဲခဲ့ချသည်။

City Mart Holdings Co., Ltd. နှင့် F&N ကုမ္ပဏီတို့ ပူပေါင်းစီစဉ်သည့် အဆိုပါ လမ်းလျှောက်ပွဲမှ ရရှိသည့် စာရင်းသွင်းခ ကျပ် (၂၁)သိန်းကျော်ကို ရန်ကင်းကလေးဆေးရုံ သို့လှူဒါန်းခဲ့ကြောင်း သိရသည်။

Photo: ထက်အာကာ ၊ City Mart Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ