Lifestyle: သောက်လို့လည်းရ သုံးလို့လည်းရတဲ့ အရက်ရဲ့ အသုံးဝင်ပုံ

play

 

အရက် မသောက်တတ်ဘူးလား။ ဒါဆိုရင် သုံးပေါ့။ အယ်လ်ကိုဟော ပါဝင်တဲ့ အရက်တွေကို လက်ဆောင်ရလိုက်လို့ ဘာလုပ်ရမယ်မှန်း မသိရင် အိမ်မှာ ဒီလိုသာ သုံးလိုက်ပါ။

၁။ ပန်းအိုးထဲထည့်ပါ

play

 

ဗော့ဒ်ကာ အရက်ကို အလှပန်းအိုးထဲ ထည့်ထားရင် ပန်းတွေ ကြာကြာခံပါတယ်။

၂။ အပင်အားဆေး

play

 

သစ်ပင်တွေ ကြီးထွားဖို့အတွက် အပင်ရှိရာ မြေကြီးကို ဘီယာနည်းနည်း ထည့်ပေးနိုင်ပါတယ်။

၃။ တိုက်ချွတ်ဆေး

play

 

မှန်တွေ မကြည်လင်ဘူးဆိုရင် အဝတ်စပေါ်မှာ ဗော့ဒ်ကာ နည်းနည်းဆွတ်ပြီး ပွတ်တိုက်ကြည့်ပါ။

၎။ လက်ဝတ်ရတနာအတွက်

play

 

စိန်ထည်၊ ရွှေထည်တွေကို ဂျင်အရက်နဲ့ ပွတ်တိုက်တဲ့အခါ သိသိသာသာ ပြောင်လက် တောက်ပ လာပါလိမ့်မယ်။

Photo : www.favim.com,www.cgtrader.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ