Lifestyle: အရက်နာကျတဲ့အခါ အမြန်သက်သာစေမယ့် နည်းလမ်း (၇) ခု

“နောက်တစ်ခါ လုံးဝ အရက်မသောက်တော့ဘူးကွာ” ဆိုတာမျိုး အမူးလွန်သွားပြီး နောက်တစ်နေ့ မနက်အိပ်ယာက ထတဲ့အခါ အမျိုးသားအတော်များများ ပြောလေ့ရှိတဲ့ စကားပါ။

play

 

အပေါင်းအသင်းတွေနဲ့ စိတ်ရှိလက်ရှိ ပျော်ပါးသောက်စားပြီးရင်တော့ နောက်တစ်နေ့မှာ ခေါင်းတွေခဲပြီး ဘယ်လိုမှ မလှုပ်ချင်လောက်အောင် ဖြစ်နေတတ်ပါတယ်။

ဒီတော့ အသောက်လွန်ပြီး အရက်နာကျတာကို ခံစားနေရတဲ့ အခြေအနေက လွတ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဖော်ပြပေးမှာပါ။

၁။ ရေများများသောက်

play

 

ဒီလိုအချိန်မှာ ရေက အကောင်းဆုံးဆေးနည်းပါ။ နောက်တစ်နေ့မနက်ဆို ရေသာ များများသောက်ပေးလိုက်ပါ။

၂။ Sport Drink တွေများများသောက်

100 Plus တို့လိုမျိုး အချိုသိပ်မပါတဲ့ အားဖြည့်အရည်တွေ များများသောက်ပေးရပါမယ်။ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ လျှပ်စီးဓါတ်တွေကို ပြန်ဖြည့်စွမ်းပေးနိုင်မှာပါ။

၃။ ကော်ဖီသောက်

play

 

ကော်ဖီမကြိုက်ရင်တောင် တစ်ခွက်လောက် သောက်လိုက်ပါ။ များသွားလို့ ခေါင်းခဲနေတာမျိုးကို ချက်ခြင်း ပြေလျော့သွားစေနိုင်ပါတယ်။ ကော်ဖီဟာ အမူးဖြေဆေး တစ်မျိုးလည်း ဖြစ်ပါတယ်။

၎။ မဖြစ်မနေ မနက်စာစားပါ

အိပ်ယာထဲက လုံးဝမထချင်လို့ မနက်စာမစားတာမျိုး လုံးဝမလုပ်ပါနဲ့။ သင့်ရဲ့ အစာအိမ်ထဲမှာ တစ်ညလုံး အစာတွေမရှိပဲ အယ်လ်ကိုဟော အရည်တွေသာ ပြည့်နေခဲ့တာပါ။ အခုသင့်ရဲ့ အစာအိမ်ကို အစာဖြည့်ပေးရမယ့် အချိန်ရောက်ပါပြီ။ အနည်းဆုံးတော့ မုန့်ဟင်းခါး တစ်ပွဲနဲ့ လဘက်ရည်တစ်ခွက်လောက် သောက်လိုက်ပါ။

၅။ ဆေးသောက်ပါ

play

 

ဆေးလည်း သောက်သင့်ပါတယ်။ ခေါင်းကိုက်ပျောက်ဆေးနဲ့ ရေဆူဆေးပြားလို ဆေးမျိုးတွေ၊ ဗိုက်တာမင် ဆေးပြားတွေသောက်လို့ရပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်

ဟုတ်ပါတယ်။ ရေမချိုးခင် ၁၅ မိနစ်လောက်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်လိုက်ပါ။ သင့်ခန္ဓာကိုယ်ထဲက အယ်လ်ကိုဟောတွေ ချွေးနဲ့အတူ အငွေ့ပျံသွားအောင် ကြိုးစားလိုက်ပါ။

၇။ ထပ်မသောက်နဲ့

play

 

မနေ့ကများသွားလို့ ဒီနေ့ နဲနဲထပ်သောက်ပြီး ပြန်ဖြေတယ်ဆိုတာမျိုး ခဏခဏကြားဖူးမှာပါ။ ဒါဟာ အတော်ဆိုးရွားတဲ့ လုပ်ရပ်ပါ။ သင့်ခန္ဓာကိုယ်အတွက် လုံးဝမကောင်းပါဘူး။ ခန္ဓာကိုယ်ထဲမှာ အယ်လ်ကိုဟော ဓာတ်တွေ ကုန်တဲ့အထိ ရေများများသောက်ပြီး အာဟာရရှိတာတွေ စားပါ။

ှSource & Photos : www.menshealth.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ