Lifestyle: မင်္ဂလာသက်တမ်း နှစ် ၇၀ တိုင် ချစ်မဝ ဖြစ်နေဆဲ ဇနီးမောင်နှံ

မင်္ဂလာသက်တမ်း နှစ် ၇၀ ပြည့်ဖို့ဆိုတာ ဇနီးမောင်နှံတွေအတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။

play

 

မင်္ဂလာမောင်နှံတိုင်းရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းဟာ အထိမ်းအမှတ်ပွဲလေးတစ်ခုနဲ့ ရှိနေသင့်ပါတယ်။ နှစ် ၇၀ ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ဆိုရင် ပိုလို့တောင်မှ ပျော်စရာကောင်းတဲ့ အထိမ်းအမှတ်ဖြစ်သင့်ပါတယ်။

မင်္ဂလာသက်တမ်း နှစ် ၇၀ ပြည့်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်ဇနီးမောင်နှံ နှစ်ဦး ဖြစ်တဲ့ ဝမ်ဒေယီနဲ့ ကောယိဟွာတို့ကတော့ မင်္ဂလာသက်တမ်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ကောင်းကောင်း ကျင်းပနိုင်ခဲ့ပါတယ်။

play

 

သူတို့က လူငယ်တွေထက် ပိုလို့တောင် ကဗျာ ဆန်နေပါသေးတယ်။ မင်္ဂလာဆောင်တုန်းက ဖက်ရှင်အတိုင်း ဝတ်စားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့တာပါ။ နေရာ၊ ဖက်ရှင်နဲ့ ကိုယ်ဟန်အနေအထားတွေကို လွန်ခဲ့တဲ့ နှစ် ၇၀ ကတိုင်း တစ်ပုံစံတည်းဖြစ်အောင် ရိုက်ခဲ့တာဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်က သူတို့နှစ်ဦး မင်္ဂလာဆောင်ခဲ့တာပါ။

play

 

ပိုပြီးကဗျာဆန်တာက သူတို့ရဲ့ အချစ်ရေးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စစ်တွင်းကာလမှာ ခေတ္တကွဲကွာသွားခဲ့ ကြပေမဲ့လည်း တစ်ဦးကိုတစ်ဦး အချစ်ကဗျာတွေ မပြတ်ပို့ခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံ နှစ်ဦး ဖြတ်သန်းခဲ့တဲ့ ဘဝထဲက အကြောင်းအရာ အတော်များများကိုလည်း မှတ်မိနေကြဆဲ ပါ။ ဒီအဘိုးအဘွား ဇနီးမောင်နှံက သားသမီးလေးဦး ထွန်းကားခဲ့ပြီး အခုဆိုရင် သတို့သား ဝမ်က ၉၈ နှစ်နဲ့ သတို့သမီး ယိဟွာက အသက် ၉၇ နှစ်ရှိနေပါပြီ။

play
play

Source & Photos : www.borepanda.om

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ