Lifestyle: အိန္ဒိယက ဝှီးချဲအလှမယ် ပြိုင်ပွဲ

, updated

ဝှီးချဲပေါ်က အမျိုးသမီးတွေလည်း သာမန်အမျိုးသမီးတွေလို စွမ်းဆောင်ရည်မျိုး ရှိတယ်ဆိုတာ သက်သေပြတဲ့ ပြိုင်ပွဲတစ်ခုပါ။

play

 

၂၀၁၅ ခုနှစ်အတွက် မသန်စွမ်းအလှမယ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ စနေနေ့က ဘန်ဂါလိုရ်မှာ ကျင်းပခဲ့ပြီးတဲ့နောက် ဒေလီမြို့က အလှမယ်တစ်ဦး အနိုင်ရသွားပါတယ်။ မစ္စဝှီးချဲလို့ အမည်ပေးထားတဲ့ ဒီပြိုင်ပွဲမှာ အလှမယ် သရဖူ ဆောင်းသွားခဲ့သူရဲ့ အမည်က ပရီယားဘာဂါဗာ ဖြစ်ပါတယ်။

play

ဒီနှစ်အတွက် ဝှီးချဲအလှမယ် ပရီယားဘာဂါဗာ

ဒီနှစ်မသန်စွမ်းအလှမယ် ပြိုင်ပွဲကို စီစဉ်ခဲ့တာက မနှစ်ကဒီပြိုင်ပွဲမှာပဲ သရဖူဆောင်းခဲ့သူ ဒေါက်တာရာဂျက်ရှ်မီ ဖြစ်ပါတယ်။ ဒေါက်တာရာဂျက်ရှ်မီက သူ့ရဲ့ခြေထောက်နှစ်ချောင်းကို ကားအက်ဆီးဒင့် ဖြစ်ပွားချိန်မှာ ဆုံးရှုံးခဲ့ရတာပါ။

play

 

ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှ အလှစစ်စစ်ရှိတာမျိုး မဟုတ်ပဲ အတွင်းစိတ်ထဲက ဖြူစင်သန့်ရှင်းမှု၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ယုံကြည်မှု စတာတွေဟာလည်း အလှတရား ဖြစ်တယ်လို့ ဒေါက်တာရာဂျက်ရှ်မီက ဆိုပါတယ်။ ဝှီးချဲပေါ်က အမျိုးသမီးတွေလည်း သာမန်အမျိုးသမီးတွေလို စွမ်းဆောင်နိုင်ကြောင်းကို သက်သေပြတဲ့ပြိုင်ပွဲလည်း ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

Source & Photos : peopledailyichina facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ