Lifestyle: ချိန်းဆိုတွေ့ဆုံမှု အကျိုးဆောင် ဝက်ဘ်ဆိုက်မှ ရယ်စရာ ဖြစ်နေတဲ့ ဓာတ်ပုံများ

ရုရှားနိုင်ငံမှ ချိန်းဆိုတွေ့ဆုံမှု အကျိုးဆောင် ဝက်က်ဘ်ဆိုက်တစ်ခုမှာ တင်ထားတဲ့ တစ်ကိုယ်တည်းသမား ဆိုသူတွေရဲ့ ဓာတ်ပုံတွေက ကိုးရို့ကားယားနိုင်ပြီး ရယ်စရာ ကောင်းလှပါတယ်။

play

 

သူတို့တွေက ဝက်ဘ်ဆိုက်မှာ ပုံတင်တဲ့အခါ ရိုမန်တစ်ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိအောင်၊ အများစိတ်ဝင်စားအောင် ပုံစံမျိုးစုံထုတ် ဓာတ်ပုံရိုက်ပြီး ကြိုးစားထားကြပေမယ့် မြင်ရသူအဖို့ ပြုံးချင်စရာ ရယ်မောဖွယ်ရာ ဖြစ်လို့နေခဲ့ပါတယ်။

play

 

ဒီလိုပုံတွေအနက် အမျိုသမီးတစ်ဦးက ဧည့်ခန်းထဲမှာ ငါးတစ်ကောင်နဲ့အတူ လှဲလျောင်းပြီး ရိုက်ထားတဲ့ပုံ၊ အမျိုးသားတစ်ဦးက ကားစက်ဖုံးပေါ်မှာ ခြေထောက်တွေ ဆန့်ကားပြီး ထိုင်နေပုံ၊ မုတ်ဆိတ်ရိတ်လက်စ ခပ်ဝဝ အမျိုးသားတစ်ဦးပုံ၊ ဖရဲသီး အလုံးလိုက်ကို ကိုက်စားနေတဲ့ အမျိုးသမီးပုံတွေ ပါဝင်ပါတယ်။

play

play

 

ဒါ့အပြင် အားကောင်းမောင်းသန်ဖြစ်ကြောင်း ပြဖို့အတွက် ခြင်ရိုက်ဘက်တံ တစ်ချောင်းနဲ့ ဟန်လုပ်ပြနေတဲ့ အမျိုးသားကြီးပုံ၊ ရေသူမပုံစံ ဟန်လုပ်ပြနေတဲ့ အမျိုးသမီးပုံ၊ အဝတ်လျှော်စက်ထဲဝင်ပြီး ဓာတ်ပုံအရိုက်ခံတဲ့ အမျိုးသမီး စသဖြင့် မြင်ရသူ ရယ်စရာဖြစ်နေတဲ့ ပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play

play
play

 

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ