Lifestyle: ရသာမျိုးစုံ ရှုစားနိုင်မည့် ဓာတ်ပုံပြပွဲကျင်းပမည်

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁ဂ) ရက်မှ (၂၁) ရက်နေ့အထိ ၊ နေ့စဉ် နံနက် (၁ဝ) နာရီမှ ညနေ (၅) နာရီ အထိ ရန်ကုန်မြို့ ၊ Yangon Gallery ၌ ဓာတ်ပုံဝါသနာကြီးသူ (၄၈) ဦးတို့မှ မြန်မာနိုင်ငံအတွင်းရှိ ရှုခင်းများ၊ တိုင်းရင်းသားလူမျိုးစုပုံများ၊ ပွဲတော်များအကြောင်းတို့ကို ဆန်းသစ်သောဓာတ်ပုံနည်းစနစ်များဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲသည် Dynamic Digital Photography Training School မှ သင်တန်းဆင်းများ၏ ဒုတိယအကြိမ်မြောက် ဓာတ်ပုံ အနုပညာပြပွဲဖြစ်ပြီး ၊ (၂ဝ) လက်မx (၃ဝ) လက်မအရွယ် အရည်အသွေးမြင့် ဓာတ်ပုံပေါင်း (၁၂၇) ပုံကို ပြသသွားမည်ဖြစ်ကာ ဓာတ်ပုံအနုပညာချစ်မြတ်နိုးသူများ မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ယခုနှစ် ပြပွဲမှ ရောင်းရငွေ (၅ဝ)ရာခိုင်နှုန်းကိုလည်း လူမှုရေးအသင်းများသို့ ခွဲဝေလှူဒါန်းသွားမည်ဖြစ်သည်။

Source & Photo: MOI Webportal Myanmar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ