Lifestyle: ဖန်တီးသူ လက်အောက်မှာ အနုပညာဖြစ်သွားတဲ့ ဂျုံရိုးတွေ

ချောင်ရှုယဉ်ဟာ အသက် ၅၀ ရှိပါပြီ။ ရှေးခေတ်ယဉ်ကျေးမှုကို သူမ ဂျုံရိုးတွေ အသုံးပြုပြီး ပုံဖော်မှာပါ။

 

တရုတ်နိုင်ငံက ချောင်ရှုယဉ်ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ လက်မှုအနုပညာတစ်ရပ်ကို ဖန်တီးနေပါတယ်။

 

လွန်ခဲ့တဲ့ ၂ နှစ်က စလို့ ဂျုံရိုးတွေကို အသုံးပြုကာ သရုပ်ပြတင်ဆက်မှုတစ်ခုအတွက် ယက်လုပ်နေခဲ့တာဖြစ်ပါတယ်။ သူမ ပြုလုပ်နေတာကတော့ ဟန်မင်းဆက် လက်ထက်က ပန်းချီကားတစ်ချပ်ကို ပုံစံတူ အရုပ်တွေ ပြုလုပ်နေတာပါ။

 

အဲ့ဒီ ပန်းချီကားအမည်က ကွင်းမိန်ပွဲတော်က မြစ်ရိုးတလျှောက်လို့ အမည်ရပါတယ်။ ချောင်ရဲ့ ဂျုံရိုးနဲ့ပြုလုပ်ထားတဲ့ ပုံစံငယ်ဟာ ၁.၅ မီတာခန့် ရှည်လျားပြီး ၁ မီတာ ကျယ်ပါတယ်။

Source & Photo : CCTV News Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ