Lifestyle: ဒါ စက်ဝိုင်းဟုတ်၊ မဟုတ်ဖြေပါ။ အဖြေက သင့်ရဲ့စရိုက်ကို ခန့်မှန်းနိုင်

ပုံထဲမှာ ပြထားတာကို စက်ဝိုင်းဟုတ်မဟုတ်ဖြေကြည့်လိုက်ပါ။ အဖြေက သင့်ရဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေပါလိမ့်မယ်။

play

 

အထက်ပါ ဓါတ်ပုံကို ကြည့်ပါ။ ပြီးရင်တော့ သင်ဖြေရမှာက ဒီပုံဟာ စက်ဝိုင်းဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာပါပဲ။ စက်ဝိုင်းဟုတ်တယ်၊ မဟုတ်ဘူးဆိုပြီး ဖြေလိုက်တဲ့ သင့်ရဲ့အဖြေကိုလိုက်ပြီး သင့်ရဲ့အယူအဆ၊ အတွေးအခေါ်တွေကို မှန်းဆနိုင်တယ်လို့ စိတ်ပညာတွေက ပြောထားပါတယ်။

တကယ်လို့များ သင်က ပုံထဲမှာ တွေ့ရတာ စက်ဝိုင်းဟုတ်ပါတယ်လို့ ဖြေခဲ့ရင်တော့ သင်ဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လက်ခံသူဖြစ်ပါတယ်။ ဒါတင်မကပဲ ကိုယ့်ကျင့်တရားကို တကယ်စောင့်ထိန်းသူ ဖြစ်ပြီး အမှားအယွင်းတွေကို လက်ခံနိုင်သူ ဖြစ်နေတတ်ပါတယ်။ လိင်တူချင်းချစ်ကြိုက်မှု၊ ဆေးခြောက်ကို ကျန်းမာရေး အတွက် တရားဝင်သုံးနိုင်ဖို့ စတာတွေကို ထောက်ခံအားပေးသူ ဖြစ်နေပါလိမ့်မယ်။

တကယ်လို့ ပုံထဲမှာ တွေ့ရတာ စက်ဝိုင်းမဟုတ်ဘူးလို့ ဖြေခဲ့ရင်တော့ သင်ဟာ ရှေးရိုးစွဲ အယူရှိသူ ဖြစ်ပါတယ်။ အင်အားတောင့်တင်းတဲ့ စစ်တပ်ကိုသဘောကျပြီး ပြည့်တန်ဆာနဲ့ မူးယစ်ဆေး သုံးစွဲတဲ့ ကိစ္စတွေအပေါ် လုံးဝ လက်မခံနိုင်ကြပါဘူးတဲ့။

Source : www.telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ