Lifestyle: တကယ်ချစ်ရင် တကယ်ရစ်တယ်

, updated

တကယ်တော့ ချစ်သူရည်စားတွေ ကြားထဲမှာ ရန်မဖြစ်တာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

play

 

အမျိုးသားတွေဟာ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ နေထိုင်ကြသူတွေပါတဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ဘယ်တော့မှ ခံမပြောတဲ့မိန်းကလေးမျိုး၊ ရန်ပြန်မဖြစ်တတ်တဲ့မိန်းကလေးမျိုး၊ စိတ်မကောက်တတ်တဲ့ မိန်းကလေးမျိုးကိုပဲ လိုချင်ကြလို့ပါတဲ့။

ဆိတ်ဆိတ်နေတတ်တဲ့ မိန်းကလေးဟာ အမြဲတမ်း တစ်စုံတစ်ခုကို ကြံစည်နေတတ်တယ်ဆိုတာ မမေ့ပါနဲ့။

၁။ တစ်ကယ်ချစ်ရင် တစ်ကယ်ရစ်တယ်

ဟုတ်ပါတယ်။ မိန်းကလေးတွေက တကယ်ချစ်ရင် တစ်ကယ်ကိုရစ်တာပါ။ သင်တို့ကို ပြောချင်ရာ ပြောခွင့် ပေးနေပြီဆိုရင်တော့ သတိသာထားပါတော့။ သူတို့လှည့်ထွက်သွားဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေလို့ပါ။

၂။ စိတ်မဆိုးတော့ရင် သတိထား

သင့်ရဲ့ စိတ်ပျက်စရာအပြုအမူတွေကို စိတ်မဆိုးတော့ရင်၊ စိတ်မကောက်တော့ရင်လည်း သတိသာထားပါတော့။ သူမကသင်နဲ့ တစ်ခန်းရပ်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်နေလောက်ပါပြီ။

play

 

၃။ အမြဲတမ်း ပျော်ရတယ်ဆိုတာ မရှိပါဘူး

ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်းက ဘယ်မှာမှ မရှိပါဘူး။ သူမက အမြဲတမ်းပျော်နေတတ်ပြီး သင့်ကိုလည်း ဘာမှအပြစ်မမြင်ဘူးဆိုရင် ဒါပုံမှန်မဟုတ်ပါဘူး။ သင့်ကိုတကယ်မချစ်တာ ဖြစ်နိုင်ပါတယ်။

၎။ ကောင်းပြီလေဆိုရင် မကောင်းတော့ပါ

ငြင်းခုန်ရန်ဖြစ်ပြီးတဲ့အခါ ကောင်းပြီလေလို့ သူမပြောရင် သတိသာထားပါတော့။ လုံးဝမကောင်းတော့ဘူးလို့ မှတ်ယူလိုက်ပါတယ်။ မိန်းကလေးတွေရဲ့ စကားနဲ့ အမူအရာကို ပြောင်းပြန်ယူရပါတယ်။

Source :www.elitedaily.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ