Lifestyle: သမီးလေး မက်စ်အပေါ် သည်းသည်းလှုပ် ချစ်နေတဲ့ မာ့ခ်ဇူကာဘတ်

ဇူကာဘတ်တစ်ယောက် သမီးလေးမွေးပြီးနောက်ပိုင်း ဓာတ်ပုံရိုက်ဖေ့စ်ဘွတ်ပေါ်တင်တာ ခဏခဏ ရှိနေပါပြီ။

play

အခုဆို ဇူကာဘတ်က သမီးလေးနဲ့ ဓာတ်ပုံတွေကို မကြာခဏ ဖေ့စ်ဘွတ်ပေါ် တင်တက်လာပါပြီ။

ပူပူနွေးနွေး သမီးရှင်လေး ဖြစ်ထားတဲ့ ဇူကာဘတ်က ဖခင်တို့ရဲ့ ထုံးစံအတိုင်း သူ့ရဲ့သမီးလေးကို ချစ်မဝသာ ဖြစ်နေပါတော့တယ်။ အခုလည်း သမီးေးလး မက်စ်နဲ့ အတူရှိနေတဲ့ ဓာတ်ပုံကို ဇူကာဘတ်က ဖေ့စ်ဘွတ်ပေါ် လွှင့်တင်လိုက်ပြန်ပါပြီ။

play

 

မွေးကင်းစ သမီးလေးနဲ့ အတူ ဓာတ်ပုံအရိုက်ခံပြီး ဖေ့စ်ဘွတ်ပေါ်တင်တာ ဒါနဲ့ဆိုရင် နှစ်ကြိမ်မြောက် ရှိသွားပါပြီ။ ဒီဓါတ်ပုံတင်ပြီး ၈ နာရီအတွင်းမှာတင် ပို့စ်ကိုနှစ်သက်သူ တစ်သန်းခြောက်သိန်းကျော် ရှိပြီး မှတ်ချက်ပေးထားသူ သုံးသောင်းခြောက်ထောင်ကျော် ရှိနေပါပြီ။

play

 

ဇူကာဘတ်သူ့ရဲ့သမီးလေး မွေးပြီးနောက်ပိုင်း အနာဂတ်ရဲ့ကလေးငယ်တွေဘဝ ပိုကောင်းလာစေဖို့ ရည်ရွယ်ကာ ဒေါ်လာ ၄၅ ဘီလီယံတန်တဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းမယ်လို့ ကြေငြာထားသူဖြစ်ပါတယ်။

Source & Photos : Mark Zuckerberg's facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ