Lifestyle: (၁၀)နှစ်ပြည့် ပန်းပွဲတော်ကျင်းပမည့်ရက် ရွှေ့ဆိုင်း

တစ်နိုင်ငံလုံးတွင် မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် ပန်းပွဲတော်၌ ပြသမည့်ပန်းများ (၃၀) ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့က ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ခဲ့သည့် (၁၀)နှစ်ပြည့် ပန်းပွဲတော်ကို (၁၅) ရက်မှ (၃၁) ရက်နေ့အထိ ရက်ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

ယခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် ပန်းပွဲတော်၌ ပြသမည့်ပန်းများ (၃၀) ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပန်းပွဲတော်ကိုရက်ရွှေ့ပြောင်းထားခဲ့ခြင်းဖြစ်သည်။

play

 

အဆိုပါ (၁၀) နှစ်ပြည့် ပန်းပွဲတော်တွင် ပန်းပြပွဲဧရိယာအတွင်း ပန်းပွင့်ပေါင်း ၈၀,၀၀၀ နှင့် ပြင်ပဧရိယာတွင် ပန်းပွင့်ပေါင်း ၆၀,၀၀၀ တို့ဖြင့် ပြသမည့်အပြင် ၊ (၁၁) နှစ်ပြည့်ဂီတပွဲတော်ကိုပါ နိုင်ငံကျော်အဆိုတော်များဖြင့် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

Photo: www.flickr.com, www.greenmyanmar.com, www.ampersandtravel.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ