Lifestyle: အန်းကောဝတ် ဘုရားကျောင်းက ပညာပေး ဗီဒီယို

, updated

မြန်မာပြည်က ပုဂံဒေသနဲ့အပြိုင်နာမည်ကျော်တဲ့ အန်းကောဝတ်မှာတော့ ခရီးသွားဧည့်သည်တွေ ရှောင်ရမယ့်အရာတွေကို ပညာပေး ဗီဒီယို ရိုက်ကူးထားပါတယ်။

play

 

ကမ္ဘောဒီးယားရဲ့ နာမည်ကျော် အန်းကောဝတ်ဘုရားကျောင်းအတွင်းမှာ ခရီးသွားဧည့်သည်တွေ မပြုလုပ် သင့်တဲ့ အပြုအမူတွေအကြောင်း တာဝန်ရှိသူတွေက ပညာပေးဗီဒီယိုရိုက်ပြီး လွှင့်တင်ထားပါတယ်။ အထူးသဖြင့် ပိုက်ဆံတောင်းရမ်းသူတွေကို ပိုက်ဆံမပေးဖို့၊ ကျောင်းဆောင်တွေပေါ် မတက်ဖို့နဲ့ ဘုန်းကြီးတွေနဲ့ အတူဓာတ်ပုံမရိုက်ကြဖို့ ဗီဒီယိုဖိုင်ထဲမှာ ပညာပေးထားတာပါ။

ပညာပေးသက်သက်မဟုတ်ဘဲ ရုပ်ရှင်ရိုက်ကူးရေး အတတ်ပညာနဲ့အတူ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားတာပါ။ အရင်က ခမာလို့ကမ္ဘောဒီးယားကို ခေါ်ခဲ့ကြတုန်းက အပြင်အဆင်နဲ့ ဆင်စီးပြီး ထွက်လာတဲ့ ခမာဘုရင်တစ်ပါးဟာ ယနေ့ခေတ် ခရီးသွား ဧည့်သည်တွေရဲ့ ဘုရားကျောင်းအတွင်း မသင့်လျော်တဲ့ အပြုအမူတွေကို ကြည့်ပြီး စိတ်ပျက်သွားပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံက ပုဂံဘုရားတွေမှာတော့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်အချို့ရဲ့ မလုပ်သင့်ဘဲလုပ်နေကြတဲ့ အမူအကျင့်တွေကို တွေ့နေရဆဲပါ။

Source & Photos : telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ