Lifestyle: မော်ဒယ် အကိတ်ကြီးတွေ ရှိုးလျှောက်တဲ့နေ့

, updated

မော်ဒယ်ရှိုးဆိုရင် ပိန်ပိန်ပါးပါး မော်ဒယ်လေးတွေကိုပဲ မြင်ယောင်မိကြမှာပါ။

play

 

ခုတော့ ပုံသေကားချပ် အတွေးထဲကနေ သူတို့က ဖောက်ထွက်လိုက်ကြပါပြီ။ ကိုယ့်ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးမဟုတ်လို့ စိတ်မညစ်ပါနဲ့။ လူတိုင်းမှာ အလှတရားကိုယ်စီရှိတယ်ဆိုတာ မော်ဒယ် အကိတ်ကြီး ၆ ယောက်က သက်သေပြလိုက်ပါတယ်။

play

 

ဒီဇင်ဘာ ၈ ရက်နေ့က သြစတြီးယားနိုင်ငံရဲ့ မြို့တော် ဗီယင်နာလမ်းမထက်မှာ အတွင်းခံ အဝတ်အစားလေးတွေပဲ ဝတ်ထားတဲ့ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုး မော်ဒယ် ၆ ဦးက catwalk လျှောက်ပြခဲ့ပါတယ်။ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ရာသီဥတုမှာ အတွင်းခံအဝတ်လေးတွေပဲ ဝတ်ထားတဲ့ သူတို့ကို လူတွေက အာရုံမစိုက်ဘဲ မနေနိုင်ခဲ့ပါဘူး။

play

 

သူတို့ကို အဲ့ဒီလို လျှောက်စေခဲ့သူကတော့ အတွင်းခံအဝတ်အစား ဒီဇိုင်နာ ရီနာတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ့်ခန္ဓာကိုယ်အပေါ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမျိုး လျှောက်စေခဲ့တာပါလို့ သူမက ပြောပါတယ်။

Source & Photo : www.mirror.co.uk

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ