Lifestyle: လူတော်တွေ အမြဲလုပ်လေ့ရှိတဲ့ အမှားများ

, updated

လူတော်တွေဆိုတာလည်း အမှားနဲ့ ကင်းနိုင်ကြသူတွေ မဟုတ်လို့ အမှားတွေ ရှိစမြဲပါ။

 

အောင်မြင်ပြီး စိတ်ချမ်းသာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် အတွေးအခေါ်နဲ့ အပြုအမူတွေဟာ စမတ်ကျနေဖို့ လိုပါတယ်။ စမတ်ကျဖို့အတွက် သင်ဟာ အိုင်းစတိုင်းလို ဥာဏ်ကောင်းနေစရာ မလိုပါဘူး။ မှန်ကန်တိကျတဲ့ အတွေးအခေါ်နဲ့ အပြုအမူ  ရှိဖို့သာ လိုတာပါ။

ဒါပေမဲ့ စမတ်ကျတဲ့သူတွေလည်း လူထဲက လူပဲဖြစ်လို့မှားတတ်ကြပါတယ်။ စမတ်ကျတဲ့သူတွေ မှားလေ့ ရှိတာတွေကတော့ အောက်ပါအတိုင်းပါ။

 

၁။ အတွေးလွန်ခြင်း

စမတ်ကျသူတွေဟာ သိပ်တွေးတတ်ကြပါတယ်။ တစ်ခါတစ်လေ အတွေးလွန်သွားတတ်တာကလည်း သူတို့ရဲ့ အားနည်းချက် တစ်ခုပါ။

၂။ ဒီဇိုင်းနဲ့ အလှအပကို မခံစားတတ်ကြပါ

စမတ်ကျသူတွေက အရည်အသွေးကိုပဲ စဉ်းစားနေတတ်ကြတာပါ။ သူတို့က ဒီဇိုင်းနဲ့ အပြင်အဆင်တွေ သိပ်မစဉ်းစားတတ်ကြတာ စတိဗ်ဂျော့ ဖန်တီးခဲ့တဲ့ အိုင်ပေါ့နဲ့ ပထမမျိုးဆက် အိုင်ဖုန်းတွေက သက်သေပါပဲ။

၃။ ယုံကြည်မှု လွန်ကဲတတ်ကြတယ်

စမတ်ကျပြီး အရည်အချင်းရှိသူ အချို့မှာ ဒီလက္ခဏာ တွေ့ရပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်မှ ပညာစုံ မတတ်နိုင်ကြပါဘူး။ ဒါကြောင့် ကိုယ်မသိတဲ့ ကဏ္ဍတွေလည်း ရှိနေဦးမယ်ဆိုတာ သေချာပါတယ်။

၎။ အမြဲတမ်း သူတို့လုပ်တာမှန်ချင်တယ်

ဒါဟာ ကောင်းမွန်ပေမယ့် လက်တွေ့မဆန်တဲ့ ဆန္ဒတစ်ခုပါ။ ဘယ်သူမှ အမြဲမမှန်ပါဘူး။ မှားတဲ့အခါ နောင်မမှားအောင်နဲ့ ပိုကောင်းအောင် သင်ခန်းစာ ယူတတ်ဖို့သာ လိုတာပါ။

စတဲ့အချက်တွေဟာ စမတ်ကျသူတွေမှာ တွေ့ရလေ့ရှိတဲ့ အမှားတွေ ဖြစ်ပါတယ်။

Source :www.forbes.com

Photos : www.bbc.com, www.linkedin.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ