Lifestyle: ယာဉ်ကြောပိတ်ဆို့ချိန်မှာ ဆောင်ရန် ရှောင်ရန်များ

နည်းပညာတွေ ဘယ်လောက်ပဲကောင်းကောင်း ၊ ကားအကောင်းတွေ ဘယ်လောက်ပဲ မောင်းနှင်နေပါစေ ၊ ယာဉ်မောင်းတိုင်း ရှောင်ရှားလို့မရတဲ့ အရာကတော့ ယာဉ်ကြောပိတ်ဆို့မှုပါပဲ။

play

 

ယာဉ်ကြောဆိုင်ရာ နည်းပညာတွေ ဘယ်လောက်ပဲကောင်းကောင်း ၊ ကားအကောင်းတွေ ဘယ်လောက်ပဲ မောင်းနှင်နေပါစေ ၊ ယာဉ်မောင်းတိုင်း ရှောင်ရှားလို့မရတဲ့ အရာကတော့ ယာဉ်ကြောပိတ်ဆို့မှုပါပဲ။ ယာဉ်ကြောပိတ်ဆို့တဲ့အချိန်မှာ ယာဉ်တိုက်မှု ဖြစ်ပွားတာကတော့ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုပါ။ သင့်အနေနဲ့ နောက်တစ်ခေါက် ယာဉ်ကြောပိတ်ဆို့တဲ့အခါမှ အောက်ဖော်ပြပါ ဆောင်ရန် ရှောင်ရန်များအတိုင်း လုပ်ဆောင်သွားလို့ရပါတယ်။

play

 

၁။ သွားလာလို့ရအောင် နေရာအလွတ်နည်းနည်းချန်ပါ။

ယာဉ်ကြောပိတ်ဆို့တဲ့ အချိန်တွေမှာ တစ်ဖက်လမ်းကြောမှာ တစ်ခုခုကြောင့် ပိတ်ဆို့နေတဲ့ ယာဉ်တွေအနေနဲ့ ကိုယ့်ရဲ့ လွတ်လွတ် လပ်လပ်သွားလာလို့ရနေတဲ့ လမ်းကြောထဲ ပေးဝင်ပြီးတော့ ယာဉ်ကြောပိတ်ဆို့တာကို လျှော့ချလို့ရပါတယ်။ သင့်အနေနဲ့ တစ်ဖက်လမ်းကြောကကားကို ကိုယ် မောင်းနေတဲ့ လမ်းကြောထဲကို ပေးဝင်တော့မယ်ဆိုရင်တော့ နေရာလွတ်ချန်ပြီး ဝင်လို့ရ ကြောင်း အချက်ပြပေးဖို့လိုပါတယ်။

၂။ ယာဉ်လမ်းကြောင်း အမြဲပြောင်းလဲခြင်း မပြုရ။

တချို့ယာဉ်မောင်းတွေအတွက် ယာဉ်လမ်းကြောင်းပြောင်းတာဟာ ယာဉ်ကြောပိတ်ဆိုမှုကို ဖြေရှင်းပေးနိုင်တယ်လို့ မြင်ကျပေမဲ့ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ ယာဉ်ကြောထဲမှာပဲ ဆက်လက်မောင်းနှင်နေသင့်ပါတယ်။

play

 

၃။ စိတ်တည်ငြိမ်အောင်ထားပါ။

“ယာဉ်ကြောပိတ်ဆို့တာ ဖြစ်နေကျပဲ။ ကိုယ်တိုင်လည်း ဘာမှလုပ်လို့မှမရတာ” ဆိုပြီး စိတ်ထဲမှာ မှတ်နေပါ။ အဲဒီလိုလုပ်ပေးတာဟာ စိတ်ကို သက်သာစေသလို မလိုလားအပ်တဲ့ စိတ်ခံစားမှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ယာဉ်ကြောပိတ်ဆို့တာ သင်တစ်ယောက်ထဲ ကြုံတွေ့နေရတာ မဟုတ်ပါဘူး။

၎။ သင့်ကားလမ်းကြောင်းကို အာရုံစိုက်ပါ။

ယာဉ်ကြောပိတ်ဆို့တဲ့အချိန်တွေမှာ ယာဉ်မောင်းသူတစ်ယောက်ရဲ့ စိတ်တွေဟာ ပျံ့နေတတ်ပါတယ်။ ဥပမာ - အင်တာနက်သုံးတာတို့ ၊ စာတိုပို့နေတာတို့ကို လုပ်နေပြီး ကားလမ်းကြောင်းကို သတိမထားတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် ကိုယ့်ကြောင့် ယာဉ်လမ်းကြော ပိတ်ဆိုနေနိုင်ပါတယ်။

Photo: www.youtube.com, www.autoevolution.com, www.assets.inhabitat.com 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး