play

 

မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဆရာဝန်တွေ ခွဲစိပ်ခန်းဝင်နေတုန်း မီးပျက်သွားလို့ ဖုန်းမီးတွေနဲ့ အော်ပရေးရှင်း ဆက်လုပ်ခဲ့ရတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဟာ ဒီရက်ပိုင်း အလွန်နာမည်ကြီးလာပါတယ်။ ဒီအဖြစ်အပျက်ဟာ ၁၉၉၀ ခုနှစ်ကမဟုတ်ဘဲ အခု ၂၀၁၅ မှာ ဖြစ်နေတာပါလို့ မူရင်းပို့စ် တင်ခဲ့သူ Kaung Htet Lin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ရေးသားခဲ့တာပါ။

play

 

အထူးသဖြင့် ယနေ့ထိတိုင် မြို့ပြတွေမှာပါ မီးမှန်မှန်မပေးနိုင်သေးတဲ့ အခြေအနေကို စိတ်ပျက်မိကြောင်း ရေးသားပြီး ပို့စ်တင်ထားတာဖြစ်ပါတယ်။ ဒီပို့စ်ကို ပြန်လည်ဝေမျှသူများစွာ ရှိခဲ့ပါတယ်။ မှတ်ချက်ပေးသူ အချို့ကလည်း ဒီဓာတ်ပုံဟာ တကယ်ပဲ ခွဲစိပ်ခန်းဝင်နေတုန်း မီးပျက်လို့ စမတ်ဖုန်း မီးတွေနဲ့ အလုပ်ဆက်လုပ်ကြတာလား၊ ဒါမှမဟုတ် ကျောင်းသားတွေ လေ့ကျင့်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံလားဆိုတာကိုတော့ အတည်ပြုချက် မရသေးပါဘူး။

Pyae Phyo Aung ဆိုတဲ့ အကောင့်ပိုင်ရှင်ကတော့ “ဖုန်းတွေရောင်းပြီး မီးစက်ဝယ်လိုက်ပါလား” လို့ အကြံပြုထားတာ တွေ့ရပါတယ်။

Source & Photos : yangon.coconuts

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video