Lifestyle: အဝေးပြေးကားလမ်းမပေါ်မှာ ဘေးကင်းရှင်းအောင် ဘယ်လိုမောင်းမလဲ

အလွဲအချော်တစ်ခုဖြစ်တာနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်သလို အသက်ပါဆုံးရှုံးနိုင်တဲ့အတွက် ကားမောင်းတဲ့သူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့လိုသလို ၊ အဝေးပြေး ယာဉ်လမ်းကြောင်း သဘောတရားများကိုပါ လေ့လာထားဖို့ လိုပါတယ်။

play

 

အဝေးပြေး ကာလမ်းမပေါ်မှာ ကားမောင်းရတာဟာ အလွန်စိန်ခေါ်မှုများပါတယ်။ အလွဲအချော်တစ်ခုဖြစ်တာနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်သလို အသက်ပါဆုံးရှုံးနိုင်တဲ့အတွက် ကားမောင်းတဲ့သူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ လိုသလို ၊ အဝေးပြေး ယာဉ်လမ်းကြောင်း သဘောတရားများကိုပါ လေ့လာထားဖို့လိုပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ အဝေးပြေးလမ်းမပေါ်ကို ယာဉ်မောင်း သက်တမ်းကြာမြင့်မှသာ စတင် မောင်းနှင်းသင့်ပါတယ်။ အဝေးပြေးကားလမ်းမပေါ်မှာ ဘေးကင်းရှင်းအောင် ဘယ်လိုမောင်းနှင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

play

 

၁။ ကားလမ်းကြောင်းပြောင်းခြင်း။

ကားလမ်ကြောင်းမပြောင်းခင်မှာ ရှိသင့်တဲ့ အရှိန်နဲ့ အကွာအဝေးအနေအထားတစ်ခုရှိနေဖို့ ချိန်ဆပါ။ ကိုယ့် ရှေ့မှာရှိတဲ့ ယာဉ်နဲ့ ၄ - ၆ စက္ကန့် လောက်ရှိတဲ့ အကွာအဝေးတစ်ခုကို ထိန်းထားပါ။ အဲဒီနောက်မှာတော့ ကားအနောက်မှန်များကို တစ်ခုစီ ကြည့်ပြီး ကားလမ်းကြောင်းပြောင်းပါ။

၂။ ညာဘက်ကပ်မောင်းပါ။

ကားကို အမြဲတမ်း ညာဘက်ခြမ်းမှာကပ်မောင်းပါ။ ဘယ်ဘက်ခြမ်းမှာ မောင်းနှင်းတယ်ဆိုတာဟာ ကျော်တက်ဖို့အတွက်ပဲ ဖြစ်တဲ့အတွက် ညာဘက်ကနေပဲ မောင်းနှင်းရမှာပါ။ ညာဘက်ခြမ်းမှာ မောင်းနှင်းတာဟာ ကားရဲ့ အရှိန်ကိုထိန်းရတာ လွယ်ကူစေတဲ့အပြင်၊ အမြန်လမ်းကြောင်းပေါ်က မောင်းနှင်းတဲ့ကားတွေကိုလည်း ရှောင်နိုင်ပါ။

play

 

၃။ ကားအချက်ပြမီးများနဲ့ ဆက်သွယ်ပါ။

ကားအချက်ပြမီးများကို အသုံးပြုပြီးတော့ တခြားကားတွေနဲ့ အပြန်အလှန် ဆက်သွယ်ပါ။

၎။ အနီးအဝေးအနေအထားကို သတိပြုပါ။

ယာဉ်မောင်းအသစ်တွေဟာ ကိုယ့်ရှေ့မှာရှိတဲ့မြင်ကွင်းကိုပဲ ဦးစားပေးတတ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့အချက်ပါ။ ယာဉ်မောင်းတွေ အနေနဲ့ လမ်းမရှေ့ဆုံးနဲ့ ဘယ်ညာမှာရှိတဲ့ အကွာအဝေးကိုလည်း ချိန်ဆဖို့လိုပါတယ်။ ယာဉ်မောင်းနှင်တဲ့ အလေ့အထကောင်းတွေ ထဲမှာ မြင်းကွင်းကို ဘက်ပေါင်းစုံ ချိန်ညှိဖို့လိုပါတယ်။ 

၅။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။

ကားမောင်းနှင်းချိန်မှာ ဘယ်တော့မှ စိတ်လိုက်မာန်ပါလုပ်ဖို့ မသင့်ပါဘူး။ အထူးသဖြင့် အဝေးပြေးကားလမ်းမပေါ်မှာ ပိုပြီးတော့ သတိထားဖို့လိုပါတယ်။ တစ်စုံတစ်ယောက်က ကျော်တက်သွားတာပဲဖြစ်ဖြစ် တစ်စုံတစ်ခု စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်သွားတာပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါ မလုပ်ဖို့လိုပါတယ်။ အနည်းငယ်မှားတာနဲ့ အသက်ပါဆုံးရှုံးနိုင်ပါတယ်။

Photo: www.nssga.com, www.bmw.com, www.martyngoddard.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး