Lifestyle: ကမ္ဘာ့ ပထမဆုံး ခွေး ဖန်ပြွန် သန္ဓေသား မွေးတော့မည်

ခွေးတွေကို ဖန်ပြွန်သန္ဓေသားနဲ့ မွေးဖွားဖို့ နှစ်ပေါင်း လေးဆယ်ကျော် ကြိုးစားခဲ့ပြီးနောက် အခုအောင်မြင်သွားပါပြီ။

play

 

ခွေးတစ်ကောင်ကို ဖန်ပြွန်သန္ဓေသားနဲ့ မွေးဖွားနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ခုတော့ အောင်မြင်သွားပြီလို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ မကြာခင်ကာလမှာ ပထမဆုံး ဖန်ပြွန်သန္ဓေသား ခွေးကလေးကို ဖန်တီးတော့မှာ ဖြစ်ပါတယ်။

play

 

ဖန်ပြွသန္ဓေသားနဲ့ စမ်းသပ်ထားတာက အိမ်မွေးခွေးပုလေး ၇ ကောင်ဖြစ်ပြီး အငှားကိုယ်ဝန်ဆောင်ပေးတဲ့ မိခင် ခွေးမကြီးက မွေးဖွားမှာ ဖြစ်ပါတယ်။ အေးခဲထားပြီး မပျက်စီးအောင် စီမံထားတဲ့ သန္ဓေသားလောင်းတွေကို လူသားအမျိုးသမီးတွေရဲ့ ခန္ဓာ ကိုယ်ထဲ ထည့်ပေးတဲ့ နည်းလမ်းအတိုင်းပဲ ခွေးမိခင်လောင်းတွေကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ခွေးတွေဆီမှာ ဖန်ပြွန်သန္ဓေသားလောင်းထည့်ပြီး မွေးဖွားဖို့ကို ၁၉၇၀ ခုနှစ်လောက်ကတည်းက ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ အခုမှ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Source & Photos :www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ