Lifestyle: သဲပန်းချီလိုမျိုး ဆံပင် ပန်းချီလို့ ခေါ်ရမလားပဲ

သဲပန်းချီလိုမျိုး ဆံပင် ပန်းချီလို့ ခေါ်ရမလားပဲ။

play

 

ဆံသဆရာတစ်ဦးက ဘယ်လို အနုပညာတွေများ ဖန်တီးနိုင်ဦးမှာတဲ့လဲ။ ဆံပင်ပုံစံ အမျိုးမျိုးကိုပဲ ညှပ်တတ်မှာပေါ့လို့ ထင်ရင် ဒီပန်းချီတွေကို ကြည့်လိုက်ပါ။

play

 

တရုတ်နိုင်ငံ လင်းပေါင်မြို့က ဆံသဆရာတစ်ယောက်ဟာ သူညှပ်ခဲ့တဲ့ ဆံပင်တွေရဲ့ အစအနလေးတွေနဲ့ ပန်းချီကားချပ်တွေ ဖန်တီးနေပါတယ်။

play

 

လီ ဟိုင်းလိန်ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် ဆံသဆရာဟာ ဆံပင်အစအနတွေ သုံးပြီး မာရီလင် မွန်ရိုး၊ တရုတ်ပန်းချီအကျော်အမော် Qi Baishi နဲ့ ပိုတာလာ နန်းတော်တို့ရဲ့ ပုံရိပ်တွေ ခြယ်မှုန်းခဲ့ပါတယ်။

play

 

ပန်းချီတစ်ချပ်ရဖို့ နာရီပေါင်းများစွာ အားစိုက်ခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ ပန်းချီတွေကို သူကိုယ်တိုင်ပဲ ဖျက်လိုက်ပါတယ်။

Source & Photo : CCTV News Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ