Lifestyle: ခေါ်မကြား၊ အော်မကြား ဖြစ်ရခြင်း အကြောင်းအရင်း

သင့်သူငယ်ချင်းတွေထဲမှာ တီဗီကြည့်နေတုန်း တော်တော်နဲ့ ခေါ်လို့မရတဲ့ သူတွေရှိနေရင် စိတ်မဆိုးပါနဲ့။

play

 

တီဗီကြည့်နေတဲ့အချိန်၊ စာဖတ်နေတဲ့အချိန် စတဲ့ တစ်ခုခုကို အာရုံစူးစိုက်နေတဲ့ အချိန်မှာ ဘေးကခေါ်သံတွေကို တော်ရုံနဲ့ မကြားတက်တဲ့သူမျိုး သင့်အပေါင်းအသင်းတွေထဲမှာ ရှိပါသလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်ရော ဒီလိုလူမျိုးလား။ အဲဒီလိုဖြစ်ရခြင်းအကြောင်း ဟာဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ အကျင့်ကြောင့် မဟုတ်ဘူးဆိုတာ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါပြီ။

အမှန်တော့ တီဗီကြည့်နေတုန်း ဘေးကခေါ်သံတွေကို ရုတ်တရက်မကြားရတာဟာ ခေတ္တအကြားအာရုံ ချွတ်ယွင်းသွား လို့ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို လန်ဒန်တက္ကသိုလ်က သုတေသီတွေ ပြုလုပ်ခဲ့တာပါ။

play

 

အလွယ်ပြောရရင် အမြင်အာရုံနဲ့ အကြားအာရုံနှစ်ခုအကြား အလုပ်လုပ်ဖို့ တွန်းအားပေးရမှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက် ပျက်ကွက်မှု ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခုခုကို အာရုံစိုက်နေချိန်မှာ ခေါ်ရခက်တဲ့ သူတွေဟာ တမင်လုပ်တာမဟုတ် ဘဲ ခေတ္တအကြားအာရုံချို့တဲ့သွားသူတွေသာ ဖြစ်တယ်ဆိုပြီး သည်းညည်းခံလိုက်ပါတယ်။

Source :www.time.com

Photos :www.express.co.uk, www.cynthalimd.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ