Lifestyle: ခွေးတစ်ကောင်ရဲ့ ကလဲ့စား

လူတွေအပေါ် သစ္စာရှိလှပါတယ်ဆိုတဲ့ ခွေးတွေက ကလဲ့စားချေတတလိမ့်မယ်လို့ ဘယ်သူကများ တွေးမိကြလေမလဲ။

play

 

ခွေးတွေမှာလည်း လူတွေလိုအသိဥာဏ်နဲ့ ခံစားချက်ရှိတယ်ဆိုတာကို သက်သေပြလိုက်တဲ့ ဖြစ်ရပ်ပါ။ ကားပါကင် နားကနေ မောင်းထုတ်ခံလိုက်ရတဲ့ ခွေးတစ်ကောင်က မောင်းထုတ်ခဲ့တဲ့ အမျိုးသားကို လက်စားပြန်ချေခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

တရုတ်ပြည်ဟီဘိုင်စီရင်စုက ရှီဂျီဇောင်ပြည်နယ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ အမျိုးသားတစ်ဦးဟာ သူရဲ့အိမ်ရှေ့မှာ အိပ်နေတဲ့ အိမ်ရာမဲ့လေလွင့်ခွေးတစ်ကောင်ကို သူ့ရဲ့ကားနားက မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဒီလုပ်ရပ်ကို အဆိုပါ ခွေးက မှတ်ထားလိမ့်မယ်လို့ သူမထင်ခဲ့ပါဘူး။

play

 

ခဏကြာတော့ သူမောင်းထုတ်လိုက်တဲ့ခွေးက အပေါင်းအဖော် တစ်သိုက်နဲ့ပြန်လာပြီး ကားကို ဝိုင်းကိုက်တော့တာပါပဲ။ ကားဘောဒီဖုံးတွေ ပိန်ချိုင်းသွားတဲ့အထိ အဆိုပါခွေးနဲ့ သူ့ရဲ့အပေါင်းအဖော် တစ်သိုက် ဖျက်ဆီးပြီးတော့မှ ထွက်သွားခဲ့ပါတယ်။

play

 

ခွေးတစ်ကောင်ရဲ့ ကလဲ့စားကို သဘောမကောင်းတဲ့ အဆိုပါအမျိုးသား ခံစားလိုက်ရပါတယ်။

Source & Photos : en.peopledailychina.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ