Lifestyle: ယမကာ သမားများရဲ့ မူးနည်း ၆ မျိုး

သင့်ရော အရက်မူးလာတဲ့အခါ ဘယ်လိုအမူးမျိုးနဲ့ မူးတက်သလဲဆိုတာ လေ့လာကြည့်လိုက်ပါဦး။

play

 

သင်ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ အပေါင်းအသင်းတွေနဲ့သောက်စားပျော်ပါးတဲ့အခါ ပေါ်လွင်လာတက်ပါတယ်။ သောက်ကြစားကြလို့ အရှိန်လေး ရလာတဲ့အခါ ပင်ကိုယ်စရိုက်တွေ ပေါ်လွင်လာ တက်ကြတာပါပဲ။ သောက်စားပြီးလို့ မူးလာတဲ့အခါ လုပ်တက်ကြတဲ့ အကျင့်လက္ခဏာတွေအပေါ် မူတည်ပြီး ဒီလိုအမျိုးအစား ခွဲခြားနိုင်ပါတယ်။

မျောက်မူး - မူးလာတဲ့အခါ ခုန်ပေါက်နေမယ်၊ သီချင်းတွေ အသံကျယ်ကြီး လျှောက် ဆိုနေမယ် ဆိုရင်တော့ ဒါဟာ မျောက်မူးဖြစ်ပါတယ်။ ကတက်တဲ့သူတွေလည်း ဒီအထဲမှာ ပါဝင်ပါတယ်။

ခြေင်္သေ့မူး - မူးလာရင် အိမ်အကြောင်းပဲ ပြောနေမယ်။ အိမ်ရှင်မဆီ ခဏခဏဖုန်းခေါ်နေမယ်ဆိုရင်တော့ ခြေင်္သေ့မူးလို့ ခေါ်ပါတယ်။

play

 

ဝက်မူး - သောက်ပြီးတဲ့အခါ လေးလံထိုင်းမှိုင်းလာပြီး တန်းအိပ်ချင်တက်သူဆိုရင်တော့ ဝက်မူး မူးတယ်လို့ ခေါ်ပါတယ်။ နောက်ထပ် နည်းနည်း ထပ်သောက်တာနဲ့ ငိုတော့တာပါပဲ။

သိုးမူး - မူးလာရင်သူများကို အားမနာတမ်း ကိုယ်ရည်သွေးပြီး ပြောတော့တာပါပဲ။ အဲဒါ သိုးမူးပါ။

play

 

မော်လန်မူး - မောလန်ဆိုတာ ၁၅ ရာစုတုန်းက စာရေးဆရာပါ။ မူးလာတဲ့အခါ ငိုတဲ့အခါငို၊ သူငယ်ချင်းတွေကို လိုက်နမ်းတက်သူကို မော်လန်မူးလို့ ခေါ်ပါတယ်။

ကျားမူး - မူးလာတဲ့အခါ သွေးဆိုးပြီး မြင်မြင်သမျှ ရန်ရှာတက်ရင်တော့ ကျားမူး မူးတယ်လို့ ခေါ်ပါတယ်။

Source :www.atlantic.com

Photos : www.bbc.com, www.youtube.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ