Lifestyle: အမြဲတမ်း ပင်ပန်းနေရတဲ့ အဓိကအချက် (၃) ချက်

ဘာကြောင့်မှန်းမသိ အမြဲတမ်း နုံးချိ မောပန်းနေတာမျိုး ကြုံနေရတာလား။ တစ်ခုခုတော့ လွဲနေပါပြီ။ ဘာများ မှားယွင်းနေလဲဆိုတာ ဆန်းစစ်ရအောင်ပါ။

 

ကိုယ့်ကိုယ်ကိုယ် ကျန်းမာတယ်လို့ ထင်ထားပြီး အစားမှန်၊ အအိပ်မှန်ရဲ့သားနဲ့ အမြဲတမ်း ပင်ပန်းနုံးချိနေတာမျိုး ဖြစ်နေရင်တော့ သတိထားသင့်ပါပြီ။ တစ်ခါတစ်လေမှာ အစားအသောက်နဲ့ အနားယူမှုတွေ လုံလောက်သော်လည်း အကြောင်းအရာ သေသေချာချာ မသိဘဲ ပင်ပန်းနွမ်းနေရင် ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။

(၁) သွေးအားနည်းခြင်း

 

ကိုယ်တွင်းက သွေးနီဥပမာဏ လျော့နည်းနေတာမျိုးမှာ မူးဝေမှုကို ခံစားနေရပါတယ်။ အမျိုးသမီးတွေမှာတော့ ရာသီရက် မဟုတ်ဘဲ အမြဲတမ်း သွေးအားနည်းနေပြီဆိုရင် သွေးအားနည်းရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်နေပါပြီ။

(၂) ဆီးချို

 

အမြဲတမ်း နွမ်းနယ်နေမယ်၊ အဆက်မပြတ် ရေဆာမယ်၊ မကြာခဏ ဆီးသွားမယ်၊ ဗိုက်ဆာတာ၊ ရုတ်တရက် ကိုယ်အလေးချိန် ကျသွားတာမျိုးတွေ ဖြစ်နေရင်တော့ ဆီးချို သွေးချို ရှိ၊ မရှိ အမြန်ဆုံး စစ်ဆေးလိုက်ပါ။

(၃) စိတ်ဖိစီးမှု

 

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အမြဲတမ်း ပင်ပန်းနေတတ်ပါတယ်။ စိတ်ဓာတ်ကျဆင်းနေလို့ မဖြစ်ပါဘူး။ စိတ်ထောင်းလို့ ကိုယ်ကြေတာမျိုး မဖြစ်ရအောင် ပျော်ရွှင်တဲ့ လူနေမှုဘဝ ရောက်အောင် ကြိုးစားဖန်တီးကြည့်ပါ။

Source & Photo : www.prevention.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ