Lifestyle: ၈ နှစ်သား ဓာတ်ပုံဆရာရဲ့ လက်စွမ်း

အိုလီဗာက ဗြိတိန်နိုင်ငံတစ်ဝှမ်းမှ သဘာဝနေရာတွေကို သူရဲ့ဖခင် ဓာတ်ပုံဆရာနဲ့အတူ လှည့်လည်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

play

 

အံ့အားသင့် ရှုမောဖွယ် ကောင်းလှတဲ့ ဒီလို ဓာတ်ပုံတွေကို အသက် ၈ နှစ်သား ကလေးတစ်ယောက်က ရိုက်ကူးခဲ့တယ်ဆိုရင် ယုံဖို့ခက်မှာပါ။

play

 

ဒါပေမဲ့ အမှန်တစ်ကယ်ပဲ ဒီလို လက်ရာကောင်းမွန်လှတဲ့ ဓာတ်ပုံတွေကို အသက် ၈ နှစ်သားလေး အိုလီဗာ အန်ဒရီးစ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play

 

အိုလီဗာက ဗြိတိန်နိုင်ငံတစ်ဝှမ်းမှ သဘာဝနေရာတွေကို သူရဲ့ဖခင် ဓာတ်ပုံဆရာနဲ့အတူ လှည့်လည်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ အိုလီဗာက အသက် ၅ နှစ် အရွယ်ကတည်းက ကင်မရာကိုင်တတ်ခဲ့ပြီး ရူခင်းဓာတ်ပုံဆရာ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

play

 

အိုလီဗာလေးက ဖခင်ရဲ့ အမွေ ဓာတ်ပုံပညာကို အပြည့်အဝ ရရှိထားသူလို့ဆိုရမှာပါ။

play

 

သူ့ရဲ့ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကြောင့် အိုလီဗာဟာ လူငယ်ဓာတ်ပုံပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သလို နာမည်ကြီး ဓာတ်ပုံကုမ္ပဏီတစ်ခုရဲ့ သံတမန်အဖြစ်လည်း ခန့်ထားခံရပါတယ်။

play

 

ဒါပေမဲ့ အိုလီဗာက မှုခင်းဓာတ်ပုံဆရာ ဖြစ်ချင်တာလို့ ပြောပါတယ်။

play

play

 

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ