AD
AD
AD
play

 

ယုံရမှာတောင် ခက်တယ်လို့ ပြောရမယ့် ဖြစ်ရပ်ပါ။ ဒိုင်ယာဆီဆိုတဲ့ ခွေးငယ်လေးက သူ့မိသားစုရဲ့ ကလေးငယ်ကို ကားတင်မောင်းနေတာပါ။

ကားဆိုလို လမ်းမတွေပေါ်မှာ တကယ်စီးကြတဲ့ ဇိမ်ခံကားတွေတော့ မဟုတ်ပါဘူး။ တစ်နှစ်သား၊ နှစ်နှစ်သား ကလေးငယ်တွေ ခြံထဲမှာ မောင်းနိုင်တဲ့ ကားပေါ်မှာ ခွေးမလေးဒိုင်ယာဆီက တက်မောင်းနေတာဖြစ်ပါတယ်။ ဘေးနားက ထိုင်ခုံမှာတော့ ကလေးငယ် အိုလီဗာက ထိုင်နေပါတယ်။

ကားရဲ့ စီယာရင်တိုင်ကို လှည့်ပတ်ပြီးမောင်းနေပုံဟာ တကယ့်ကို ကျွမ်းကျင်တဲ့ ကားမောင်းသမားနဲ့တော်င တူနေပါသေးတယ်။ ဒိုင်ယာဆီက ကားမောင်းရတာပဲ ကြိုက်တာလား၊ ကလေးငယ်ပျော်အောင်ပဲ လုပ်ပေးနေတာလား ဆိုတာကိုတော့ မသိနိုင်ပါဘူး။

Source :www.youtube.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD