Lifestyle: လက်ဆစ် ချိုးခြင်းနဲ့ ဆိုင်တဲ့ (၃) ချက်

လက်ချောင်း၊ ခြေချောင်းလေးတွေက အဆစ်တွေကို ချိုးခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေပါ။

play

 

ခြေဆစ်၊ လက်ဆစ်လေးတွေကို တစ်ဖျောက်ဖျောက်နဲ့ အသံမြည်အောင် ချိုးဖူးပါသလား။ အဲ့ဒီအရာနဲ့ ပတ်သက်တဲ့ အချက်တွေ ကို ပြောပြပါ့မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါ။

(၁) အသံ

တဖျောက်ဖျောက် မြည်တဲ့ အသံကို ဘယ်က ထွက်လာတာလဲလို့ တွေးဖူးကြမှာပါ။ ဒါဟာ အဆစ်နှစ်ခု ကြားကို ဆွဲဆန့်လိုက် တဲ့အခါ၊ ချိုးလိုက်တဲ့အခါ ဖြစ်ပေါ်သွားတဲ့ လေဟာနယ်ကနေ ထွက်လာတဲ့ အသံ ဖြစ်ပါတယ်။

(၂) အချိန်အခါမရွေး လက်ဆစ်ချိုးခြင်း

အရေးတကြီးကိစ္စတွေ၊ အင်တာဗျူးဖြေချိန် အပါအဝင် ချစ်သူနဲ့ ပထမဆုံးအကြိမ် ချိန်းတွေ့ချိန်မှာတောင် လက်ဆစ်ချိုးတတ် ကြပါတယ်။ လက်ဆစ်ချိုးတာဟာလည်း စိတ်လှုပ်ရှားခြင်းကို ပြသတဲ့ အမူအယာတစ်ခု ဖြစ်လို့ပါပဲ။

(၃) ကျီးပေါင်း

လက်ဆစ်ချိုးရင် ကျီးပေါင်းတက်တယ်လို့ သံသယမှားကြီးတစ်ခုကို အချိန်အတော်ကြာ ယုံကြည်နေခဲ့တယ်မဟုတ်လား။ သိပ္ပံနည်းကျ စစ်ဆေးမှုမှာ လက်ဆစ်၊ ခြေဆစ်ချိုးတာဟာ ကျီးပေါင်းတက်တာနဲ့ ဆက်နွှယ်မှုမရှိကြောင်း သိလိုက်ရပါတယ်။

 

Source & Photo : www.womenhealth.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ