Lifestyle: အောင်မြင်သူတွေရဲ့ နေ့စဉ် အတွေး(၅) ခု

အောင်မြင်နေသူတွေဟာ နေ့စဉ်

play

 

လုပ်ငန်းတာဝန်တစ်ခု ပြီးမြောက်ဖို့ စိတ်ကူးစိတ်သန်း၊ ရှုထောင့်စတဲ့ အရာတွေကနေ စတင်ရပါတယ်။ သင်ဟာ ဘယ်လောက် ထက်မြက်သူဖြစ်ပါစေ အားလုံးကို တစ်ဦးတည်း မလုပ်နိုင်ပါဘူး။ လက်တွေ့ဘဝမှာ အောင်မြင်နေသူတွေ ကိုယ့်ကိုယ်ကိုယ် နေ့စဉ် သတိပေးလေ့ရှိတဲ့ စကားတွေရှိပါတယ်။ သင်လည်း မှန်ရှေ့မှာ ရပ်ပြီး ပြောကြည့်ပါ။

၁။ သူများတွေ မလုပ်ချင်တာ ငါလုပ်မယ်

အများသူငါက အရေးမပါဘူးထင်လို့၊ သေးငယ်တဲ့ကိစ္စလို့ မလုပ်ချင်တာတွေကို လုပ်ဖို့ တွေးပါ။ မတူညီတဲ့ အတွေ့အကြုံတွေ အမြင်တွေ ရလာပါလိမ့်မယ်။

play

 

၂။ နည်းနည်းပြောမယ် များများလုပ်မယ်

စကားတွေ သိပ်များများ ပြောစရာမလိုပါဘူး။ သင်ဟာ အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက် မဟုတ်ဘူး ဆိုရင်ပေါ့။ အလုပ်မှာ အရည်အသွေး ကောင်းကောင်း လုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။

၃။ သူများတွေ ဘယ်လိုထင်နေမလဲ ငါဂရုမစိုက်ဘူး

ကျွန်တော်တို့အားလုံး ကိုယ့်ရဲ့လုပ်ရပ်အပေါ် သူများတွေ ဘယ်လိုတွေးနေမလဲ ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ အောင်မြင်နေ သူတွေကတော့ ဒါကိုဂရုမစိုက်ပါဘူး။

play

 

၎။ အကောင်းဆုံးဖြစ်အောင် လုပ်မယ်

တစ်ယောက်တည်းကတော့ အကုန်လုံးမစွမ်းဆောင်နိုင်ပါဘူး။ လုပ်သမျှကိုသာ အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ လိုတာပါ။

၅။ စိန်ခေါ်မှုတွေ လာပါစေ

အောင်မြင်သူတွေက စိန်ခေါ်မှုတွေကိုမကြောက်ပါဘူး။ ဒါအမြဲ ကြားနေရတဲ့ စကားပါ။ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ သူတို့က အသင့်ပြင်ထားပြီးသားပါ။

 

Source :binsider.com

Photos : www.boomsbeat.com, telegraph.co.uk, hrcolumbia.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ