Lifestyle: စိတ်သက်သာရာရဖို့ ခေါင်းတလားထဲ ဝင်နေရတဲ့ ကုထုံးသစ်

ဘဝမှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ဖိစီးမှုတွေ တွေ့ကြုံစားနေရပြီး သေကြောင်း ကြံစည်ချင်တဲ့အထိ ဖြစ်နေသူတွေကို အခန်းတစ်ခုအတွင်းရှိ သစ်သား ခေါင်းတလားတွေထဲမှာ နေခိုင်းပါတယ်။

play

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဟိုဝန်း ကုသရေးစင်တာရဲ့ စိတ်ဓာတ်ကျ စိတ်ဖိစီးနေသူတွေအတွက် သက်သာရာ ရစေမယ့် ကုထုံးအသစ်က အလွန်ပဲ ထူးခြားပါတယ်။

play

 

ဘဝမှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ဖိစီးမှုတွေ တွေ့ကြုံစားနေရပြီး သေကြောင်း ကြံစည်ချင်တဲ့အထိ ဖြစ်နေသူတွေကို အခန်းတစ်ခုအတွင်းရှိ သစ်သား ခေါင်းတလားတွေထဲမှာ နေခိုင်းပါတယ်။

play

 

အသက်ရှူနိုင်ဖို့အတွက် ခေါင်းတလားတွေမှာ အပေါက်ဖောက်ပေးထားပြီး အခန်းတွင်းက မီးရောင်ကို မှိန်ဖျော့ထားကာ ဖယောင်းတိုင်တွေ ထွန်းညှိထားပါတယ်။ ကုသမှုခံယူသူတွေစာ သူတို့ သေဆုံးသွားခဲ့ပြီး ခေါင်းတလားထဲ ရောက်နေတဲ့ ပုံစံအဖြစ် စိတ်ထဲမှာ မှတ်ယူခံစားစေပြီး ခေါင်းတလားထဲမှာ ၁၀ မိနစ်ကြာ နေခိုင်းတာ ဖြစ်ပါတယ်။

play

 

၁၀ မိနစ်အတွင်း အခန်းထဲမှာ အပ်ကျသံပင် မကြားရဘဲ တိတ်ဆိတ် ငြိမ်သက်နေအောင်လည်း ဖန်တီးပေးထားပါတယ်။ အချိန်ပြည့်လို့ ခေါင်းတလားတွေကို ဖွင့်လိုက်တဲ့အခါမှာတော့ အတွင်းမှာ ရှိနေခဲ့သူတွေရဲ့ တုန့်ပြန်မှုတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီဘဲ ကွဲပြားကြတယ်လို့ ဟိုဝန်းစင်တာမှာ ဓာတ်ပုံရိုက်ခဲ့တဲ့ ဟူဂူအီယာက ပြောပါတယ်။

play

 

အချို့က ခေါင်းတလားကို ဖွင့်လိုက်တဲ့အခါ ပိတ်လှောင်ခံခဲ့ရတဲ့ ကြောက်စိတ်ဖြင့် ငိုကြွေးကြပါတယ်။ အချို့က အိပ်ပျော်သွားကြပါတယ်။ အချို့ကတော့ ပေါ့ပါးလန်းဆန်းပြီး ပိုမိုပျော်ရွှင်လာသလို အချို့က ဆဲလ်ဖီဓာတ်ပုံ ရိုက်ကြတယ်လို့ ဆိုပါတယ်။ ဟိုဝန်းစင်တာကို ရောက်လာသူတွေဟာ ကွယ်လွန်သူတွေရဲ့ ခေါင်းတလားအနီး ထားရှိရတဲ့ ပုံစံမျိုး ဓာတ်ပုံအရိုက်ခံရပါသေးတယ်။

play

 

သူတို့ရဲ့ ဓာတ်ပုံတွေကို ခေါင်းတလားအနီး ပြင်ဆင်ထားရှိပါတယ်။ ဒါ့အပြင် ခေါင်းတလားထဲ ဝင်ရောက်ပြီး ကုထုံးကို မခံယူမီ ရိုးရာအသုဘဝတ်စုံကို ဝတ်ဆင်ရကာ နှုတ်ဆက်စာလည်း ရေးခဲ့ရပါသေးတယ်။

play

 

ဟိုဝန်းစင်တာကို သွားရောက်လေ့လာပြီး ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဟူဂူအီယာကတော့ ဒီ ကုထုံးနည်းလမ်းက သေကြောင်း ကြံစည်မှုတွေကို လျှော့ချပေးနိုင်မယ်လို့ မယုကြည်ဘူးလို့ ဆိုပါတယ်။

play

 

ဒါဟာ ငွေရှာမှုတစ်ခုလို့ပဲ ဟူဂူအီယာက ခံစားမိပါတယ်။ ဒါပေမဲ့ ဒီလို ကုထုံးကို ယုံကြည်သူတွေအတွက်တော့ အကျိုးရှိနိုင်မှာပါလို့ သူမက ပြောပါတယ်။ တောင်ကိုရီးယားမှာ အလုပ်အကိုင် ကောင်းကောင်းရဖို့အတွက် ဖိအားများတဲ့ စာသင်ကြားရမှုနဲ့ စာမေးပွဲတွေကြောင့် သေကြောင်းကြံစည်မှုနှုန်း မြင့်မားလျက်ရှိပါတယ်။

Source & Photo: http://edition.cnn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ