Lifestyle: ရိုးမြေကျပေါင်းသင်းရင် ဒေါ်လာတစ်သောင်းပေးမယ့် အစီအစဉ်

ချစ်သူစုံတွဲတွေအိမ်ထောင်ရေး တစ်ခုကို ရိုးမြေကျ ပေါင်းသင်းဖို့ တွန်းအားပေးထားတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

play
ရိုးမြေကျ ပေါင်းသင်းမယ်ဆိုရင် ချေးငွေ ရမှာ ဖြစ်ပါတယ်

 

အိမ်ထောင်ရေးကို တစ်သက်လုံးမြဲအောင် ထိန်းသိမ်းသွားမယ်လို့ ကတိပေးနိုင်တဲ့ စုံတွဲတွေအတွက် မင်္ဂလာစရိတ် ဒေါ်လောင်တစ်သောင်း ချီးမြှင့်မယ့် အစီအစဉ်တစ်ခုကို ကုမ္ပဏီတစ်ခုက ကြေငြာလိုက်ပါပြီ။ SwanLuv ဆိုတဲ့ ကုမ္ပဏီက ဒီအစီအစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။

စုံတွဲတွေအနေနဲ့ ကိုယ့်ရဲ့အိမ်ထောင်ရေးဟာ သက်ဆုံးတိုင်တည်မြဲနေမယ်လို့ ယုံကြည်တယ်ဆိုရင် ဒီကုမ္ပဏီထံက ဒေါ်လာတစ်သောင်း ချေးငွေ ရယူနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်ထဲက ရိုမန်တစ် ဖြစ်တဲ့ မင်္ဂလာဆောင်မျိုးကို ကျင်းပနိုင်အောင်လို့ ကူညီပေးတာပါ။

play

 

ဒါပေမယ့် တစ်ချိန်ချိန်မှ ကွာရှင်းမှု ဖြစ်ခဲ့ရင်တော့ ကုမ္ပဏီစီက  ချေးထားတဲ့ငွေကို ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ တစ်ဘဝလုံးမြဲမြံတဲ့ အိမ်ထောင်ရေး တစ်ခုဖြစ်ခဲ့ရင်တော့ တစ်ပြားမှာ ပြန်ပေးစရာမလိုပါဘူး။ SwanLuv ဆိုတာ အချစ်ရေးအေဂျင်စီ ကုမ္ပဏီ အသစ်တစ်ခုပါ။

Source :businessinsider

Photos : myweddingdecorations

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ