Lifestyle: စမတ်ဖုန်းကြောင့် ပျောက်ကွယ်သွားနိုင်တဲ့ နည်းပညာပစ္စည်း (၅)မျိုး

တစ်ချိန်က အဆန်းအပြားအဖြစ် မြင်ခဲ့ရတဲ့ နည်းပညာပစ္စည်းတွေဟာ မကြာခင်မှာ ပျောက်ကွယ်သွားဖွယ် ရှိပါတယ်။

play

 

နည်းပညာခေတ်မှာ တစ်နေ့တစ်ခြား တိုးတက်လာပြီး အသစ်အဆန်းတွေ ထွက်ပေါ်လာမှုကြောင့် ယခင် တီထွင်ခဲ့တဲ့ ပစ္စည်းတွေက အသုံးမတည့်တော့တာတော့ မဟုတ်ပါဘူး။ အိမ်မှာ လက်ရှိသုံးနေတဲ့ ပစ္စည်းတွေရဲ့ နေရာကို သင့်လက်ထဲက စမတ်ဖုန်းက လုယူလိုက်ပြီဆိုတာ ကိုယ်တိုင်လည်း သိပြီးသားဖြစ်မှာပါ။

(၁) ရီမုတ် ကွန်ထရိုး

play

 

အင်တာနက် ချိတ်ဆက်ထားတဲ့ တီဗီ၊ အဲကွန်း စတာတွေကို စမတ်ဖုန်းကနေတစ်ဆင့် ပိတ်နိုင် ဖွင့်နိုင်လာတာကြောင့် မကြာခင်ကာလမှာ ရီမုတ်တွေလည်း ပျောက်သွားနိုင်ပါတယ်။

(၂) နှိုးစက်နာရီ

play

 

မနက်စောစောထဖို့ သံစုံမြည်တဲ့ နှိုးစက်ရဲ့အလုပ်က ပျောက်ကွယ်တော့မှာပါ။ တတီတီမြည်နေတဲ့အသံထက်စာရင်  စမတ်ဖုန်းထဲက သီချင်းသံတွေနဲ့ အိပ်ယာက နိုးထရတာ ပိုကောင်းနေလို့ပါပဲ။

(၃) အပျော်တမ်း ဒစ်ဂျစ်တယ်ကင်မရာ

play

 

ဖလင်ကင်မရာတွေရဲ့ နေရာကို သိမ်းပိုက်လိုက်တဲ့ အပျော်တမ်း ဒစ်ဂျစ်တယ်ကင်မရာလေးတွေတော့ ဝဋ်လည်ပါပြီ။ အကြောင်းကတော့ ယနေ့ခေတ် စမတ်ဖုန်းတွေဟာ ပုံကောင်းကောင်းကို ရိုက်ကူးနိုင်နေပြီဖြစ်ပါတယ်။

(၄) ကြိုးဖုန်း

play

 

ထိုင်ရာမက ပြောနေရတဲ့ ကြိုးဖုန်းတွေထက်စာရင် စမတ်ဖုန်းပေါ့ပေါ့ပါးပါးလေးတွေက သွားလေရာ ယူသွားနိုင်တာ အားသာချက်ပါ။

(၅) အိတ်ဆောင် GPS

play

 

ဖုန်းထဲမှာပါတဲ့ google map နဲ့ apple map တွေက ဖုန်းမှာပါတဲ့ GPS စနစ်နဲ့ ပူးပေါင်းလိုက်တဲ့အခါ အိတ်ဆောင် GPS တွေ ပျောက်ကွယ်သွားရတော့တာ ဖြစ်ပါတယ်။

Source : Internet Journal

Photo : Betanews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ