Lifestyle: ကမ္ဘာ့အသက်အကြီးဆုံး စုံတွဲရဲ့ နှစ် ၉၀ ပြည့် မင်္ဂလာနှစ်ပတ်လည်

သူတို့နှစ်ဦးဟာ ၁၉၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။

play

 

ကမ္ဘာ့အသက်အကြီးဆုံး ဇနီးမောင်နှံရဲ့ နှစ် ၉၀ ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့ကို ဒီဇင်ဘာ ၁၁ ရက်က ကျင်းပခဲ့ပါတယ်။ ခင်ပွန်းဖြစ်တဲ့ ကာရမ်က အသက် ၁၁၀ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ကာတာရီရဲ့ အသက်က ၁၀၃ နှစ် ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၁၉၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။

play

 

သူတို့က အိန္ဒိယမှာ ဆစ်ခ်လူမျိုးတွေရဲ့ ထုံးထမ်းအစဉ်အလာအတိုင်း လက်ထပ်ခဲ့ကြတာပါ။ သူတို့ လက်ထပ်တဲ့အချိန်က အိန္ဒိယနိုင်ငံဟာ ဗြိတိန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါသေးတယ်။ ကာရမ်နဲ့ ကာတာနီတို့ ဇနီးမောင်နှံက မွေးလအတူတူဖြစ်ပြီး နိုဝင်ဘာလမှာ မွေးဖွားခဲ့ကြသူတွေပါ။

play

 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက သူတို့နှစ်ဦးရဲ့ မွေးနေ့ကို မိသားစုဝင်တွေ၊ ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေနဲ့အတူ ပူးတွဲ ကျင်းပခဲ့ပါသေးတယ်။ ကာရမ်တို့ ဇနီးမောင်နှံက ၁၉၅၆ ခုနှစ်မှာ လက်ရှိနေထိုင်ရာ ဗြိတိန်နိုင်ငံ ဝက်စ်ရှိုင်းယားရှိ ဘရတ်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ သားသမီး ၈ ဦးရှိပြီး မြေး မြစ် စုစုပေါင်း ၅၀ ဦးရှိပါတယ်။

Source & Photo: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ