Lifestyle: မွေးချင်းထဲမှာ အကြီးဆုံး ဖြစ်ရခြင်းရဲ့ ဒုက္ခ (၅) မျိုး

မောင်နှမသားချင်းတွေထဲမှာ အကြီးဆုံးအစ်ကိုကြီး၊ အစ်မကြီး ဖြစ်ရတဲ့ ဒုက္ခက ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့

play

 

မွေးချင်းမောင်နှမတွေထဲမှာ အကြီးဆုံးသားသမီး ဖြစ်ရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ယောက်တည်း ဖြစ်နေချိန်မှာ မသိသာပေမဲ့ ကိုယ့်ရဲ့နောက်က အငယ်တွေ ရောက်လာတဲ့ အခါ အကြီးဆုံးသားသမီး ဖြစ်ရတဲ့ ဒုက္ခတွေဟာ ပိုပြီးသိသာ ထင်ရှားလာတော့တာပါပဲ။ မောင်နှမတွေထဲမှာ အကြီးဆုံး ဖြစ်ရတဲ့ ဒုက္ခက ဘာတွေလဲဆိုတော့….

၁။ အကြီးအကျယ် တားမြစ်တာကို ခံရမယ်

ကိုယ်ဟာ မိဘတွေအတွက် ပထမဆုံး သားသမီးဖြစ်တဲ့အတွက် အကြီးအကျယ် ပိတ်ပင်တားမြစ်တာတွေ ကြုံရမှာပါ။ သင်ဟာ ဘယ်တော့မှလည်း အိမ်ပြန်နောက်ကျလို့ မရပြန်ပါဘူး။ လိုချင်တာတွေလည်း သိပ်မရတတ်ပါဘူး။

၂။ ကိုယ့်တုန်းက မရခဲ့တဲ့ အခွင့်အရေးတွေကို အငယ်တွေရမယ်

ကိုယ့်တုန်းက ၁၆ နှစ်ပြည့်တဲ့အထိ ကိုယ်ပိုင်ဟန်းဖုန်း မကိုင်ခဲ့ရပေမဲ့ ကိုယ့်ရဲ့ အငယ်တွေကျတော့ ၁၄ နှစ်လောက်နဲ့တင် ဟန်းဖုန်းရနေပါပြီ။ ကိုယ့်တုန်းက မွေးနေ့ပွဲကို အိမ်မှာပဲ လုပ်ခဲ့ရပေမဲ့ အငယ်တွေ အလှည့်ကျ အပြင်ထွက်လုပ်လို့ရမယ် စသဖြင့်ပေါ့။

play

 

၃။ အမှားအတူတူလုပ်ရင်တောင် ကိုယ့်အပြစ်

ကိုယ့်ရဲ့ မွေးချင်းအငယ်တွေနဲ့ မိဘတွေမကြိုက်တာ လုပ်မိရင်လည်း အဆူခံရတဲ့အခါ ကိုယ်တစ်ယောက် တည်းဖြစ်တယ်။ “အကြီးက အငယ်တွေအတွက် စံပြဖြစ်နေရမှာပေါ့” ဆိုတာမျိုး ခဏခဏ ကြားရမယ်။

၎။ အငယ်တွေနဲ့ နှိုင်းပြီး အဆူခံရမယ်

အပြစ်တစ်ခုခုများ လုပ်မိလိုက်လို့ကတော့ အငယ်တွေနဲ့ နှိုင်းပြီး အဆူခံရဖို့ သေချာနေပါပြီ။ “ကြည့်စမ်း မင်းညီလေး၊ ညီမလေး ကျတော့ ဘယ်လောက်လိမ်မာလဲ” ဆိုတာမျိုးတွေ ကြားရမယ်။

play

 

၅။ ဦးစားပေး မခံရတော့ဘူး

မွေးချင်းအငယ်နဲ့ကိုယ်က ပစ္စည်းတစ်ခုခုကို အတူတူလိုချင်ပြီ ဆိုရင်တောင် အငယ်ကိုပဲ အမြဲ ဦးစားပေးရတယ်။ “မင်းက အကြီးပဲ၊ အလျှော့ပေးလိုက်ပေါ့” ဆိုတာလည်း ခဏခဏ ကြားနေရတဲ့ စကားပါ။

 

Source : elite

Photos : buzzfeed, telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ