AD
AD
AD
play

 

ဆွီဒင်နိုင်ငံက ဂျက်ကက်စ်ဂျာဗီအမည်ရှိတဲ့ ရွာလေးမှာ အခန်းအပူချိန် -5ံC သာ ရှိတဲ့ ရေခဲဟိုတယ်ကို နှစ်စဉ် ဖွင့်လှစ်လေ့ရှိပါတယ်။

play

 

ရေခဲတုံးတွေကို ထုဆစ်ထားပြီး အခန်းတွေ ဖွဲ့ထားတဲ့ အဲ့ဒီဟိုတယ်ကိုတော့ ဆောင်းရာသီမှာပဲ ဖွင့်လှစ်တာပါ။ အဲ့ဒီမြို့အနီးက Torne မြစ်မှာ ရေတွေခဲသွားတဲ့အခါ မြစ်ထဲက ရေခဲတန်ချိန် ၅၀၀၀ လောက် အသုံးပြုပြီး အခန်း ၁၉ ခန်း ပါတဲ့ ရေခဲဟိုတယ်ကို ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

play

 

အခန်းဖွဲ့စည်းမှုတွေ၊ ကုတင်နဲ့ ကုလားထိုင်တွေအပြင် ညနေခင်း သောက်စရာအတွက် အဖျော်ယမကာဘားလည်း ထည့်သွင်းထားပါသေးတယ်။

play

 

ဟိုတယ်ကို လူပေါင်း ၁၀၀ က သီတင်းပတ် ၁၂ ပတ် အချိန်ယူပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

play

 

ရေခဲဟိုတယ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ဖွင့်လှစ်လိုက်တာဖြစ်ပြီး မတ်လရောက်ရင်တော့ ရေခဲတွေ အရည်ပျော်မှာဖြစ်လို့ ဟိုတယ်ကို ပိတ်မှာပါ။

Source & Photo : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD