Lifestyle: ရုပ်ချင်း ခွဲမရအောင် တူတဲ့ သူစိမ်းများ

သင်နဲ့ဆွေမျိုးမတော်ပါပဲနဲ့ ရုပ်ချင်းအရမ်းဆင်သူ တစ်ဦးဦးတော့ ဒီကမ္ဘာမှာ ရှိကောင်း ရှိနေနိုင်တယ်ဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်တွေပါ။

play

 

၂၀၁၅ ခုနှစ်ဟာ ခွဲမရအောင် ရုပ်ခြင်းချွတ်ဆွတ်တူသူတွေကို ဆုံစည်းစေခဲ့တဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ နာမည်တူမရှား လူတူမရှားဆိုတာထက် လူတူရုံတင်မကပဲ ခွဲမရအောင် ဖြစ်နေတာကြောင့် ထူးဆန်းလှပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကဆိုရင် အသက် ၆၄ နှစ်အရွယ် ရစ်ချက်ဆင်က အိမ်ပြောင်းသွားတော့ သူမသိတဲ့ သူစိမ်းတွေက သူ့ကို  အခြားနာမည်တစ်ခုခေါ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြတာ ကြုံလိုက်ရပါတယ်။ အမှန်တော့ သူဟာ အဲဒီမြို့မှာ နေထိုင်တဲ့ ဘုန်းတော်ကြီး ဂျေမီဆင်နဲ့ ခွဲမရအောင် သွားတူနေတာပါ။

play
ရစ်ချက်ဆင်နဲ့ ဂျေမီဆင်

 

နောက်တစ်ခုကတော့ အိုင်ယာလန်က ကိုင်ရာမာဖီနဲ့ ယူကေက ကော်ဒယ်လီယာတို့ ဂျာမနီမှာ ကျောင်းလာတက်ရင်း ဆုံကြတာပါပဲ။ အခုတော့ သူတို့နှစ်ဦးက အချစ်ဆုံးသူငယ်ချင်းတွ ဖြစ်နေပါပြီ။

play
ကိုင်ရာမာဖီနဲ့ ကော်ဒယ်လီယာ

 

ပိုထူးခြားတဲ့ နောက်တစ်ခုက လေယာဉ်ပေါ်မှာပါ။ အောက်တိုဘာလတုန်းက လေယာဉ်ပေါ်မှာ ဒီသူစိမ်းအမျိုးသား နှစ်ဦး တွေ့ခဲ့ကြတာဖြစ်ပြီး လေယာဉ်ပေါ်ကသူတွေတောင် အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။

play
လေယာဉ်ပေါ်မှာ ဒီလိုမထင်မှတ်ပဲ ဆုံခဲ့ကြ

 

ဆွီဒင်မှာနေတဲ့ ဆာရာနဲ့ အိုင်ယာလန်မှာနေတဲ ရှာနွန်ဆိုလည်း ဒီလိုပါပဲ။ သူတို့က အင်တာနက်မှာ တွေ့ခဲ့ကြတာဖြစ်ပြီး အခုတော့ သူတို့သူငယ်ချင်းတွေကတောင် မခွဲနိုင်ကြပါဘူး။

play
ဆာရာနဲ့ ရှာနွန်

 

Source & Photos : telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ