Lifestyle: ယောက္ခမနဲ့ ရန်မဖြစ်အောင် နေထိုင်နည်း

ယောက္ခမဆိုတာမျိုးဟာ ချွေးမဆီက လေးစားချစ်ခင်မှုကို ပိုပြီးတောင့်တတ်ပါတယ်။

play

 

ယေဘုယျအားဖြင့်တော့ ယောက္ခမနဲ့ချွေးမဆိုတာ တည့်လေ့မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ မိဘနဲ့ သားသမီးလို တစ်ဦးကိုတစ်ဦး ချစ်ခင်သံယောဇဉ် ရှိကြသူတွေလည်း ရှိပါတယ်။

ယောက္ခမဆိုတာမျိုးဟာ ချွေးမဆီက လေးစားချစ်ခင်မှုကို ပိုပြီးတောင့်တတ်ပါတယ်။ မိသားစုထဲကို ချွေးမဝင်လာတဲ့အခါ သူတို့က မိသားစုမှာ အရေးပါတဲ့သူ ဖြစ်ပါဦးမလား ဆိုတာမျိုး မသိစိတ်မှာ ဖြစ်လာတတ်ပါတယ်။ ချွေးမတွေဘက်က အလိုက်တသိနဲ့ လေးစားတတ်ဖို့ကလည်း ယောက္ခမ-ချွေးမ ဆက်ဆံရေးမှာ အဓိကကျလှပါတယ်။ ယောက္ခမနဲ့ ရန်မဖြစ်အောင် နေထိုင်နိုင်တဲ့ အဓိကနည်းလမ်း ၅ ခုရှိပါတယ်။

play

 

၁။ ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်ဘူးဆိုရင် အသေးအဖွဲ ကိစ္စလေးတွေမှာ အငြင်းမပွားပါနဲ့။ မီးဖိုချောင်သန့်ရှင်းရေး လုပ်ပေးပါဦးလို့ ပြောလာရင် လုပ်ပေးလိုက်ပါ။

၂။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းခြင်းမှာ သင်နဲ့ သင့်ယောက္ခမှာ အမြင် တူချင်မှ တူမှာပါ။ ဒါပေမဲ့ သူ့ရဲ့ အတွေ့အကြုံကိုလည်း လေးစားမှု ပြလိုက်ပါ။

၃။ သင့်ယောက္ခမက သူ့ရဲ့သားအကြောင်း စိတ်ဝင်စားသလို သင့်အကြောင်းတွေလည်း စိတ်ဝင်စားမယ်လို့ မမျှော်လင့်ထားပါနဲ့။ သူက သင့်ချစ်သူရဲ့ အမေပါ။ ဒါကို အမြဲ သတိရနေဖို့ လိုပါတယ်။

play

 

၎။ ယောက္ခမက တစ်ချို့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာ လုပ်ချင် လုပ်ပါလိမ့်မယ်။ တတ်နိုင်သလောက် လျစ်လျူရှုဖို့သာ ကြိုးစားပါ။

၅။ သင့်ရဲ့ခင်ပွန်းနဲ့ နှစ်ယောက်ချင်းတိုင်ပင်ပါ။ တစ်ချို့ကိစ္စတွေမှာ ကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့် ရှိဖို့ ဖြောင်းဖျပြီး ဒါဟာ အမေ့အပေါ် သစ္စာဖောက်တဲ့လုပ်ရပ်မျိုး မဟုတ်ဘူးဆိုတာ နားဝင်အောင် ပြောပြပါ။

 

Source : By Dr Terri Apter

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ