Lifestyle: လူတွေကို လှည့်စားခဲ့တဲ့ ချောက်ကမ်းပါးပေါ်က ဓာတ်ပုံများ

အရင်ကတော့ တောင်စွန်းကမ်းပါးမှာ စွန့်စွန့်စားစား ဓာတ်ပုံရိုက်ခဲ့ကြသူတွေလို့ ထင်ခဲ့ကြတာပါ။

play

 

ဒီဓာတ်ပုံတွေ လူမှုကွန်ယက်မှာ ခေတ်စားလာခဲ့တုန်းကတော့ အတော်လေးကို စွန့်စားကြသူတွေလို့ လူတွေက မှတ်ချက်ပေးကြပါတယ်။ နောက်ပိုင်းမှာလည်း ပုံစံအမျိုးမျိုးနဲ့ တောင်ထိပ်စွန်းမှာ ရိုက်ထားတဲ့ ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တာပါ။

play

 

တကယ်တော့ ဓာတ်ပုံတွေထဲမှာတွေ့ရသလို ဒီတောင်စွန်းက အရမ်းမြင့်တာတော့ မဟုတ်ပါဘူး။ ပုံထဲမှာ ကြည့်ုလိုက်ရင် တောင်စွန်းဟာ ပေတစ်ထောင်လောက် မြင့်တယ်လို့ ထင်ချင်စရာပါ။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ အဖြေရှင်းသွားအောင် အောက်ကဓာတ်ပုံတွေကို ကြည့်လိုက်ပါ။

play

 

အခုတော့ ဘရာဇီးနိုင်ငံ ပက်ဒရာ၊ ဘရန်ကာပန်းခြံထဲက ဒီတောင်စွန်းဟာ အတော်လေး နာမည်ကြီးလာပါပြီ။ ဒီလိုဓာတ်ပုံရိုက်ဖို့တစ်ခုတည်းအတွက် ဒီနေရာကို လာကြသူတွေ နေ့စဉ် အများအပြားပါ။

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ