Lifestyle: ဝပ်ရှော့မှာ အလုပ်ဝင်နေတဲ့ ခွေးကလေး

, updated

အလုပ်လုပ်ပြီး ငွေရှာသူတွေထဲမှာ ဒီခွေးလေးလည်း ပါဝင်လာတယ်နဲ့ တူပါတယ်။ ဝပ်ရှော့ဆရာဘေးမှာ ငြိမ်ငြိမ်လေးရပ်ရင်း ကူညီပေးနေပုံက ချစ်စရာပါ။

play

 

ခရစ္စမတ်ကာလမှာ ကောင်းကောင်းမွန်မွန် အနားယူနိုင်ဖို့ ငွေကို ကြိုတင် စုဆောင်းထားမှ ဖြစ်မှာပါ။ အလုပ်ကြိုးစားပြီး ငွေရှာတဲ့အထဲမှာ သူလေးလည်း မလွတ်ပါဘူး။

play

 

သူကတော့ ရုရှားနိုင်ငံက ကားဝပ်ရှော့တစ်ခုမှာ အထူးချုပ်လုပ်ထားတဲ့ ဝတ်စုံနဲ့ လူတွေကို ကူညီနေတဲ့ အနက်ရောင် ခွေးလေး တစ်ကောင်ပါ။ သူ့ရဲ့ ဝတ်စုံမှာ ကားပြင်သူအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ထားပြီး ကားပြင်ဆရာရဲ့ဘေးမှာ အဆင်သင့် ရပ်နေပေးရတာ ဖြစ်ပါတယ်။ ကားပြင်သူက ဂွတွေနဲ့ ဝက်အူလှည့်တွေကို လိုအပ်တဲ့အခါ ဘေးမှာရပ်နေတဲ့ ခွေးလေး ရဲ့ကိုယ်ပေါ်ကနေ လှမ်းယူရုံပါပဲ။

ရုရှားနိုင်ငံက အင်တာနက် သုံးစွဲသူတွေကြားမှာ သူကတော့ နာမည်ကြီးနေပြန်ပါတယ်။

 

Source & Photo : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ