Lifestyle: တစ်ပတ်ကို သိန်းသုံးရာဖိုး ရှော့ပင်းထွက်တဲ့ ကလေးမ

သာမန်လူတွေ တစ်နှစ်လောက် အလုပ်လုပ်မှ ရတဲ့ဝင်ငွေက ဒီသူဌေးသမီးလေးရဲ့ တစ်ပတ်စာ ရှော့ပင်းဖိုးသာ ရှိပါတယ်။

play

 

မြန်မာငွေ သိန်းသုံးရာနီးပါးနဲ့ ညီမျှတဲ့ စတာလင်ပေါင် တစ်သောင်းခွဲဆိုတာ ဖွံ့ဖြိုးပြီးနိုင်ငံက ဝန်ထမ်းအချို့တောင် တစ်နှစ်လောက် အလုပ်လုပ်မှ ရတဲ့ ဝင်ငွေဖြစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံက အသကက် ၂၀ အရွယ် ကလေးမလေးအတွက်တော့ တစ်ပတ်စာ ရှော့ပင်း ထွက်တဲ့ ပမာဏမျှသာ ဖြစ်နေပါတယ်။

play

 

လာနာစကိုလာရို ဟာ အခုတော့ နာမည်ကြီးသည်ထက် ကြီးလာပါပြီ။ ချန်ယန်-၄ ရုပ်သံအစီအစဉ်ရဲ့ မှတ်တမ်းရုပ်ရှင်ထဲ မှာ  အခြားသော ချမ်းသာကြွယ်ဝတဲ့ လူငယ်တွေနဲ့အတူ ပါဝင်ခဲ့လို့ ပိုပြီးနာမည်ကြီးလာတာပါ။ Rich Kids of Instagram ဆိုတဲ့ အင်စတဂရမ်ပေါ်က Group ထဲမှာလည်း သူမက နာမည်ကြီး ဖြစ်ပါတယ်။

play
play

 

သာမန်လူတွေအတွက် စိတ်သာကူးနိုင်တဲ့ အရာမျိုးတွေကို သူမက လုပ်ပြပြီး အင်စတဂရမ်ပေါ် တင်လေ့ရှိပါတယ်။ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားတာမျိုး၊ ဇိမ်ခံ ရွက်သင်္ဘောပေါ်မှာ ပါတီပွဲ ကျင်းပတာမျိုး၊ ရိုးရွိုက်စ်ကားစီးတာမျိုးတွေက သူ့ရဲ့နေ့တဓူဝ လုပ်နေကြ အရာတွေပါ။

play
play

 

သူမရဲ့ဖခင် ဖရန်ဆက်စကိုစကိုလာရိုက မိုင်းတွင်းသန်းကြွယ်သဌေးတစ်ယောက်လည်း ဖြစ်ပါတယ်။

 

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ