Lifestyle: တစ်နေ့ကို ကော်ဖီ (၅)ခွက် သောက်ရင် သက်တမ်းစေ့ နေရမည်

တစ်နေ့ကို ကော်ဖီ (၅)ခွက်လောက်သောက်ခြင်းဟာ အရွယ်မတိုင်မီိ ရောဂါနဲ့ သေဆုံးခြင်းမှ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်

play

 

တစ်နေ့ကို ကော်ဖီလေးခွက်မှ ငါးခွက်အထိ သောက်သုံးခြင်းဟာ အရွယ်မတိုင်ခင် ခပ်မြန်မြန်သေဆုံးခြင်းကို လျော့ကျနိုင်စွမ်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒီလိုသာ ပုံမှန်သောက်သွားမယ် ဆိုရင် ဆီးချိုရောဂါလည်း မဖြစ်ဖို့ ကာကွယ်ပေး သလို နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါသတဲ့။

play

 

၁၉၉၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ လူပေါင်း ၉၀၃၁၇ ဦးကို လေ့လာဆန်းစစ်ခဲ့ရာမှ နောက်ဆုံး အတည်ပြုချက်တွေ ရယူ ပြီးနောက် ဒီအဖြေ ထွက်လာတာပါ။ ကော်ဖီမှာ ဇီဝဗေဒစနစ်ကို အထောက်အကူ ပြုနိုင်တဲ့ ဖီနိုလစ်အက်ဆစ်(ကာဘော်လစ် အက်ဆစ်)၊ ပိုတက်ဆီယမ်ဓာတ်နဲ့ ကဖိန်းဓာတ်တွေ ပါဝင်တာကြောင့် အချိန်မတိုင်မီ သေဆုံးမှုကို မဖြစ်စေဖို့ သောက်သုံး သင့်တယ်လို့ သုတေသီတွေက ကောက်ချက်ချကြပါတယ်။

play

 

ဒါတင်မကသေးပါဘူး။ အဆုတ်ရောဂါ၊ တုတ်ကွေးစတာတွေကို ကာကွယ်ပေးတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု မဖြစ်စေဖို့ပါ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ အရင်ကတော့ ကော်ဖီတစ်နေ့ကို လေးခွက်လောက် သောက်မယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ချေရှိတယ်ဆိုပြီး မှတ်ချက်ချထားကြ တာပါ။

 

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ