Lifestyle: ဒီတစ်ပတ် အားလပ်ရက်မှာ ဘယ်ကိုသွားမလဲ

အခမဲ့ ဖျော်ဖြေပွဲတွေကို ဖော်ပြထားပါတယ်။

play

 

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေအားလပ်ရက်မှာ ဟိုနားဒီနားသွားပြီး အပန်းဖြေလို့ရအောင် အခမဲ့ဖျော်ဖြေပွဲလေးတွေနဲ့ ပရိုးမိုးရှင်း ဈေးရောင်းပွဲတွေရှိတဲ့ နေရာကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့ဦးယျာဉ် -  ညနေတိုင်း ပုံမှန်ရှိနေတဲ့ ရေပန်းရုပ်ရှင်ရှိပြီး စနေနေ့ညနေမှာတော့ မြန်မာ့ရိုးရာအက အစီအစဉ်ရှိပါတယ်။

ကန်တော်ကြီး ကရဝိတ် ဥယျာဉ် - စနေ၊ တနင်္ဂနွေမှာ Hollow Show အစီစဉ်ရှိမှာဖြစ်ပြီး ညနေ ၅ နာရီခွဲကနေ ၉ နာရီခွဲအထိ ဖြစ်ပါတယ်။

ဦးတ္တမပန်းခြံ (Happy World ကစားကွင်း) - စနေ၊တနင်္ဂနွေ နှစ်ရက်စလုံး အကတွေ၊ မျက်လှည့်ပြပွဲတွေဟာ မနက် ၁၁ နာရီကစပြီး အခမဲ့ ရှိနေမှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်းပွဲများ

play

 

Junction Square မှာ Wrangler တံဆိပ်ရဲ့ အထူးဈေးရောင်းပွဲ ရှိပြီး Junction Square ရဲ့ စီးတီးမတ် ဧရိယာမှာပဲ Adisi & Jump တံဆိပ်ဖိနပ် ဈေးရောင်းပွဲ ရှိပါတယ်။

လှည်တန်းစိန်ဂေဟာမှာ စန္ဒီမြင့်လွင်ရဲ့ ခွေသစ်ထွက်ရှိမှု လက်မှတ်ရေးထိုးပွဲနဲ့ ဖျော်ဖြေပွဲကို တနင်္ဂနွေနေ့မှာ လုပ်ပါမယ်။

Junction Mawtin မှာတော့  ERKE  တံဆိပ် ပစ္စည်းတွေကို အထူးလျော့ဈေးတွေနဲ့ ရောင်းချပေးပါမယ်။

Photos Sources: tripadvisor, Shwe Taung Property
Sources: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ