Lifestyle: ကမ္ဘာ့အကောင်းဆုံး နိုင်ငံရဲ့ လွဲနေတဲ့ (၅) ချက်

စံသတ်မှတ်ချက် ကိန်းဂဏန်းတွေအရ နော်ဝေဟာ နေချင်စဖွယ် အကောင်းဆုံး နိုင်ငံဖြစ်တယ်လို့ နော်ဝေနိုင်ငံသား အများစုက လက်ခံထားကြပေမဲ့ အချို့ကတော့ နော်ဝေမှာ နေထိုင်ရတဲ့ အဆင်မပြေမှု (၅) ချက်ကို ဖွင့်ဟခဲ့ကြပါတယ်။

play

 

နော်ဝေဆိုတာ ကမ္ဘာမှာ နေချင်စဖွယ် အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ် ပြုထားကြပါတယ်။ ဒီ သီတင်းပတ်ထဲမှာ ကုလသမဂ္ဂမှ ထုတ်ပြန်မှုအရလည်း နော်ဝေဟာ နေချင်စဖွယ် အကောင်းဆုံးနိုင်ငံအဖြစ် ၁၂ နှစ် ဆက်တိုက် သတ်မှတ်ခံရပါတယ်။

play

 

ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈ နိုင်ငံကို ပျမ်းမျှ လူ့သက်တမ်း၊ ပညာရေးနဲ့ ဝင်ငွေ သို့မဟုတ် လူနေမှု အဆင့်အတန်းတို့ဖြင့် နှိုင်းယှဉ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စံသတ်မှတ်ချက်အရ နော်ဝေက နေချင်စဖွယ် အကောင်းဆုံး နိုင်ငံစာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။

play

 

စံသတ်မှတ်ချက် ကိန်းဂဏန်းတွေအရ နော်ဝေဟာ နေချင်စဖွယ် အကောင်းဆုံး နိုင်ငံဖြစ်တယ်ဆိုတာ နော်ဝေနိုင်ငံသား အများစုက လက်ခံကြပေမယ့် အချို့ကတော့ နော်ဝေမှာ နေထိုင်ရတဲ့ အဆင်မပြေမှု (၅) ချက်ကို ဖွင့်ဟခဲ့ကြပါတယ်။

play

 

၁။ အခွန်

လူတစ်ဦးချင်းရဲ့ ဝင်ငွေခွန် ပေးဆောင်ရမှုနှုန်း အမြင့်ဆုံး နိုင်ငံထဲမှာ နော်ဝေလည်း ပါဝင်ပါတယ်။ နော်ဝေမှာ ဝင်ငွေရဲ့ ၃၉ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရပါတယ်။ ဒီ နှုန်းထားက လျော့နည်းသွားတာဖြစ်ပြီး ယခင်က ၄၇.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

play

 

၂။ ဘီယာဈေး

နော်ဝေမှာ ဝင်ငွေခွန်နှုန်းထား မြင့်မားသလောက် ဘီယာဈေးလည်း ကြီးပါတယ်။ pintprice.com ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ နော်ဝေမှာ ဘီယာတစ်ခွက် (ပုလင်းတစ်ဝက်စာ) ကို မြန်မာကျပ်ငွေ ၁၃,၀၀၀ ကျော် ပေးရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၇၀၀ ကျပ်ကနေ ၉၀၀ ကျပ်လောက်ပါပဲ။ နော်ဝေဟာ ကမ္ဘာမှာ ဘီယာဈေး ဒုတိယ အကြီးဆုံး နိုင်ငံလို့ ဆိုပါတယ်။

play

 

၃။ မူးယစ်ဆေးဝါး

နော်ဝေနိုင်ငံဟာ ဥရောပမှာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးမှုနှုန်း ဒုတိယ အမြင့်ဆုံး နိုင်ငံဖြစ်ပါတယ်။ နော်ဝေမှာ လူတစ်သန်းမှာ ၇၀ ဦးက မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးကြပါတယ်။  ဥရောပမှာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးလို့ သေဆုံးရတဲ့ရဲ့ ပျမ်းမျှ နှုန်းထားက လူတစ်သန်းကို ၁၆ ဦးသာ ဖြစ်ပါတယ်။

play

 

၎။ ဓာတ်ဆီဈေး

နော်ဝေမှာ ဘီယာဈေးကြီးသလို ဓာတ်ဆီဈေးလည်း ကြီးပါတယ်။ နော်ဝေကေ ကမ္ဘာမှာ ဓာတ်ဆီဈေး အကြီးဆုံးဖြစ်တဲ့ နယ်သာလန်၊ ဟောင်ကောင်နဲ့ ဂျီဘူတီတို့နဲ့အတူ ရပ်တည်နေပါတယ်။

play

 

၅။ ဝံပုလွေဆိုရင် မလွယ်ဘူး

နော်ဝေရဲ့ တောထဲမှာ ဝံပုလွေ အကောင်ရေ ၃၀ မျှသာ ရှိနိုင်ပါတယ်။ နော်ဝေအစိုးရက ဝံပုလွေ ၁၆ ကောက်ကို အမဲလိုက်ခွင့်ပြုထားပါတယ်။ ဝံပုလွေတွေအတွက် သတင်းဆိုးက လူပေါင်း ၁၁,၅၇၁ ဦးက သူတို့ကို အမဲလိုက်ခွင့်အတွက် လျှောက်ထားခဲ့တာပါပဲ။

Source: BBC
Photo: BBC, The Guardian, Thompson Citizen, Booms Beat

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ