Lifestyle: ပြုလုပ်ရ လွယ်ကူတဲ့ ဆယ်လီတွေရဲ့ ဆံပင်ပုံစံ

ခရစ္စမတ်ပါတီတွေကို တက်ရဖို့ အချိန်နီးကပ်လာပါပြီ။ လူကြားထဲမှာ ထင်ပေါ်နေစေဖို့ ဆယ်လီတွေရဲ့ ဆံပင်ထုံးဖွဲ့ပုံထက် ပိုကောင်းတဲ့ပုံစံ ရှိမှာမဟုတ်ပါဘူး။

 

ဆယ်လီတွေဖြစ်တဲ့ ဘလိတ်လိုက်ဗလီနဲ့ ဂျက်စီကာ အယ်လ်ဘာတို့ရဲ့ ပြုလုပ်ရလွယ်ကူပြီး လှပတဲ့ ဆံပင်ထုံးဖွဲ့ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဘလိတ်လိုက်ဗလီရဲ့ ပိုနီတေးစတိုင်

 

ဆံပင်ကို အပူချောင်းနဲ့ ကောက်တာတွေ နားလိုက်ပါတော့။  ဒီဆံပင်ပုံစံ ရဖို့အတွက်

(၁) ဘယ်ဘက်ဘေးက ဆံပင်အနည်းငယ်ကို ယူလိုက်ပြီး ခေါင်းဘက်ကို ဦးတည်၍ လိမ်လိုက်ပါ။ အဲဒီလိုပဲ ညာဘက်က ဆံပင်ကို ယူပြီး လိမ်လိုက်ပါ။

(၂) လိမ်ထားတဲ့ ဆံစုနှစ်စုကို ကျန်တဲ့ ဆံပင်တွေရဲ့ အပေါ်မှာ လိမ်လိုက်ပါ။ ပြီးရင် ပိုနီတေးပုံစံ ဖန်တီးဖို့အတွက် ကျန်တဲ့ ဆံပင်တွေရဲ့အောက်မှာ နောက်တစ်ကြိမ် လိမ်လိုက်ပါ။

(၃) ဆံစုနှစ်စုကို ဆက်ပြီး အဲဒီအတိုင်း ဆက်ပြီးလိမ်သွားပါ။ ဒါပေမဲ့ နှစ်လက်မအရှည်လောက်ရသွားရင် ပိုနီတေးကို နှစ်ပိုင်း ကွဲသွားအောင် ဆံပင်တွေရဲ့ ပတ်ပတ်လည်မှာ ပြန်ပတ်လိုက်ပါ။ ပြီးရင် ဆံပင် အရှည်ပေါ် မူတည်ပြီး  နောက်ထပ် တစ်ကြိမ်နှစ်ကြိမ် အဲဒီအတိုင်း ဆက်လုပ်ပါ။

(၄) ပြီးသွားရင်တော့ အဖျားကို မျှော့ကြိုးနဲ့ချီပြီး နှစ်ပိုင်းဖြစ်နေတဲ့ ကြားထဲက ဆံပင်တွေကို ညှင်ညှင်သာသာ ဆွဲထုတ်လိုက်ပါ။

 

ဂျက်စီကာ အယ်လ်ဘာရဲ့ နောက်တွဲ ဆံထုံးပုံ

 

(၁) နားနှစ်ဖက်စလုံးရဲ့နောက်မှာ ဆံပင်တွေကို ခပ်လျော့လျော့လေး အကန့်ခွဲထားပါ။ အလယ်အကန့်ကိုယူပြီး အထက်အောက် နှစ်ပိုင်းခွဲကာ အခြေနားမှ အပေါ်ကို နည်းနည်းလေး ပင့်လိုက်ပါ။

(၂) အောက်က အပိုင်းကိုယူပြီး ပိုနီတေးကျစ်လိုက်ပါ။ အပေါ်ပိုင်းကို သပ်ရပ်သွားအောင် လက်နဲ့ ဒါမှမဟုတ် ဘီးနဲ့ ဖြီးလိုက်ပါ။ ပြီးရင်တော့ ပိုနီတေးရဲ့ ပတ်ပတ်လည်ကို အဲဒီဆံပင်နဲ့ ရစ်လိုက်ပြီး ကလစ်နဲ့ ညှပ်လိုက်ပါ။

(၃) ပိုနီတေးကို ခပ်လျော့လျော့လေး လိမ်လိုက်ပြီး  နည်းနည်းဖွပေးပါ။ ပြီးရင် မျှော့ကြိုးနဲ့ ချည်လိုက်ပါ။

(၄) ပိုနီတေးလေးကို နောက်တွဲဆံထုံးပုံစံလေးဖြစ်အောင် ခွေလိုက်ပြီး ကလစ်တွေနဲ့ ခိုင်အောင် ထိုးထားပါ။

(၅) နားနောက်က အပိုင်းနှစ်ခုကို ယူပြီး ခပ်လျော့လျော့လေးလိမ်ကာ နောက်တွဲဆံထုံးမှာ ပတ်လိုက်ပါ။ ပြီးရင်တော့ ခိုင်အောင် ကလစ်လေးတွေနဲ့ ထိုးပေးလိုက်ပါ။

 

Source & Photos : US Magazine

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ