Lifestyle: ဗြိတိန် တော်ဝင်စုံတွဲရဲ့ ခရစ္စမတ်ကတ် ဓာတ်ပုံ

ဝီလျံနဲ့ ကိတ်တို့က ယခုနှစ် ခရစ္စမတ်နေ့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေများထံ ပေးပို့မယ့် အမှတ်တရ ခရစ္စမတ်ကတ်မှာ အသုံးပြုမယ့် ဓာတ်ပုံကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

play
ဝီလျံနဲ့ကိတ်တို့က ခရစ္စမတ်ကတ်မှာ အသုံးပြုဖို့ ရွေးချယ်လိုက်တဲ့ မိသားစု ဓာတ်ပုံ

 

ဗြိတိန် တော်ဝင်မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒယ်လ်တန်တို့အတွက် ယခုနှစ် ခရစ္စမတ်က သမီးငယ် မင်းသမီးလေး ချာလော့တီ မိသားစုအတွင်း ရောက်ရှိလာပြီးတဲ့နောက် ပထမဆုံး ခရစ္စမတ်နေ့ ဖြစ်လာမှာပါ။

play
၂၀၁၄ ခုနှစ် မတ်လက ရိုက်ကူးခဲ့တဲ့ ဝီလျံနဲ့ကိတ် မိသားစု ဓာတ်ပုံ

 

ဝီလျံနဲ့ ကိတ်တို့က ယခုနှစ် ခရစ္စမတ်နေ့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေများထံ ပေးပို့မယ့် အမှတ်တရ ခရစ္စမတ်ကတ်မှာ အသုံးပြုမယ့် ဓာတ်ပုံကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

play
၂၀၁၃ ခုနှစ်က ပထမဆုံး တရားဝင် ထုတ်ပြန်ဖော်ပြခဲ့တဲ့ မင်းသားလေး ဂျော့ဂ်ျရဲ့ ဓာတ်ပုံတစ်ပုံ

 

ဝီလျံနဲ့ကိတ်တို့ ရွေးချယ်လိုက်တဲ့ မိသားစု ဓာတ်ပုံဟာ မူလက ခရစ္စမတ်ကတ်မှာ အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဒီ ဓာတ်ပုံကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဓာတ်ပုံဆရာ ခရစ်ဂျက်ဖ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play
မင်းသမီးလေး ချာလော့တီ

 

ကိန်းဘရစ်ခ်ျ မြို့စား ဝီလျံနဲ့ မြို့စားကတော် ကိတ်၊ သားကြီးဖြစ်သူ မင်းသား ဂျော့ဂ်ျနဲ့ သမီးငယ် မင်းသမီးလေး ချာလော့တီတို့ ပန်းခြံထဲမှာ အေးအေးလူလူ ရှိနေချိန်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play
မင်းသားဂျော့ဂ်ျနဲ့ ညီမဖြစ်သူ မင်းသမီးလေး ချာလော့တီ

 

ဓာတ်ပုံထဲမှာ အသက် ၂ နှစ်သား မင်းသားလေ ဂျော့ဂ်ျနဲ့ ညီမဖြစ်သူ မင်းသမီးလေ ချာလော့တီတို့ နှစ်ဦးရဲ့ ချစ်စဖွယ် ပုံစံလေးတွကို မြင်တွေ့ရမှာဖြစ်ပြီး ဝီလျံနဲ့ကိတ်တို့ကလည်း ကြည်နူးနေပါတယ်။

play
မင်းသမီးလေး ချာလော့တီကို ခရစ်ယာန်ဘာသာဝင်အဖြစ် ကောင်းချီမင်္ဂလာပြုတဲ့ အခမ်းအနား မတိုင်မီ ရိုက်ကူးထားတဲ့ ဝီလျံနဲ့ကိတ် မိသားစုဓာတ်ပုံ

ဒီ ဓာတ်ပုံကို ခရစ္စမတ်ကတ်မှာ အသုံးပြုဖို့ မူလက မရည်ရွယ်ခဲ့ပေမယ့် ဝီလျံနဲ့ကိတ် စုံတွဲက အသက်ဝင်ပြီး သဘာဝဆန်တဲ့ မိသားစုဓာတ်ပုံကို အလွန် နှစ်သက်ခဲ့တာကြောင့် ခရစ္စမတ်ကတ် ဓာတ်ပုံအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ