Lifestyle: ဒူး၊ တံတောင်က အမည်းတွေ ပျောက်အောင်

ငွေလည်းမကုန် အချိန်လည်း မပေးရဘဲ ထိရောက်တဲ့ နည်းလေးပါ။

play

 

ဒူးခေါင်းနဲ့ တံတောင်ဆစ်တွေဟာ သာမာန် အသားအရည်ထက် ကြမ်းတမ်းနေပြီး အမည်းရောင်ကြီးတွေ ဖြစ်တတ်ပါတယ်။ ဒူးနဲ့ တံတောင်ကို ဖိအားပေးတာများရင် တွေ့ရတတ်တာမျိုးပါ။ မည်းနေတဲ့ ဒူးနဲ့တံတောင်တွေ ကြည့်ကောင်းသွားအောင် အိမ်မှာတင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ်။

တံတောင်ဆစ်ကို သံပုရာသီး သို့မဟုတ် သံပယိုသီးခြမ်းနဲ့ ပွတ်တိုက်ပါ။ ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါကို သုတ်လိမ်းပေးထားရပါမယ်။ သံပရာသီးရော မုန့်ဖုတ်ဆိုဒါမှာပါ ကြေးချွတ်နိုင်တဲ့ အစွမ်းတွေရှိလို့ ဒူးနဲ့ တံတောင်က ညိုမည်းကြမ်းတမ်းမှုတွေကို လျော့ပါးစေပါတယ်။

သုတ်ထားတဲ့ မုန့်ဖုတ်ဆိုဒါတွေ ခြောက်သွေ့သွားပြီဆိုရင်တော့ ရေနွေးဆွတ်ထားတဲ့ အဝတ်စနဲ့ ပွတ်တိုက်ပေးရုံပါပဲ။ တစ်ပတ်တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးရင် တစ်လအတွင်း သိသိသာသာ ထူးခြားလာတာကို တွေ့ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ