Lifestyle: ၂၀၁၅ ခုနှစ် လူမှုကွန်ရက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ အကြောင်းအရာ (၈) ခု

ဒီနှစ်ထဲမှာ လူမှုကွန်ရက်နဲ့ ပတ်သက်လို့ လူပြောအများဆုံး အရာတွေ ဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတကာက လူမှုကွန်ရက် သုံးစွဲသူတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။ ဖေ့စ်ဘွတ်၊ တွစ်တာ နဲ့ အင်စတာဂရမ်အပြင် အခြား လူမှုကွန်ရက်တွေမှာ လူတွေ စိတ်ဝင်တစား ပြောခဲ့တဲ့ အကြောင်းအရာတွေကို Vogue မဂ္ဂဇင်းက ရွေးချယ်ထားတာပါ။

၁။ Valentino ပွဲကို တက်ရောက်ခဲ့တဲ့ ဇူးလန်ဒါ

play

 

ဇူးလန်ဒါဟာ မတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ Valentino Fall 2015 ဖက်ရှင်ရှိုးပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေဟာ ချက်ခြင်းဆိုသလိုပဲ အင်စတာဂရမ်၊ တွစ်တာနဲ့ snapchat တို့မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

၂။ ကိတ်လင်းဂျန်နာနဲ့ တွစ်တာ

play

 

အသက်ကြီးကာမှ လိင်ပြောင်းလဲမှု ပြုလုပ်လိုက်တဲ့ ကိတ်လင်းဂျန်နာဟာ တွစ်တာအကောင့်ကို စတင်သုံးစွဲလိုက်ပြီး တစ်နာရီအတွင်း follower တစ်သန်းပြည့်ခဲ့လို့ ဂင်းနစ်မှတ်တမ်းတောင် ရသွားပါတယ်။

၃။ ဘာမှန်းမသိတဲ့အရောင်

play

 

ဂါဝန်တစ်ထည်ကို တစ်ယောက်တစ်မျိုး မြင်ခဲ့ကြလို့ တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားပါသေးတယ်။ အပြာရောင် မြင်တဲ့လူကမြင်၊ အနက်လို့ ထင်တဲ့လူကထင်ပြီး ရုတ်တရက်ကြည့်ရင်တော့ အဖြူနဲ့ရွှေရောင် စပ်ထားတယ်လို့ မြင်မိမှာပါ။ အဲ့ဒီပုံကို Tumblr မှာ စပြီး တင်ခဲ့ရာက အခြား လူမှုကွန်ရက်တွေမှာပါ အငြင်းပွားခဲ့ကြပါတယ်။

၎။ အချစ်နိုင်တယ်

play

 

ဇွန်လတုန်းက အမေရိကန်မှာ လိင်တူထိမ်းမြားခွင့်ကို တရားဝင် ခွင့်ပြုပေးလိုက်ပြီးနောက် သမ္မတ အိုဘားမားရဲ့ Love Wins ဆိုတဲ့ စကားလေးကို hash tag အသုံးပြုလို့ အောင်ပွဲခံ ရေးသားသူ များပြားခဲ့ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ပရိုဖိုင်းပုံမှာ သက်တံ့ရောင် အလံတွေ ပလူပျံခဲ့ပါတယ်။

၅။ Super Bowl

play

 

ကေတီပယ်ရီရဲ့ Super Bowl ဖျော်ဖြေမှုမှာ ပါဝင်တဲ့ ငါးမန်းရုပ်တွေနဲ့ ပုံအပြင် သူမရဲ့ ဖက်ရှင်တွေကိုလည်း လူတွေ နှစ်သက်ခဲ့ကြပါသေးတယ်။

၆။ တေလာဆွစ်ရဲ့ အမျိုးသမီး လက်ရွေးစင်

play

 

အဆိုတော် တေလာဆွစ်ရဲ့ 1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေနဲ့ အခြား ပွဲတွေမှာ သူမရဲ့ သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်ခဲ့ပြီး အဲ့ဒီသူငယ်ချင်းတွေဟာလည်း တကယ့်ကို စူပါစတားတွေ ဖြစ်နေခဲ့ပါတယ်။

၇။ PrayForParis

play

 

နိုဝင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက်တိုက်ခိုက်သူတွေကြောင့် လူအများအပြား သေဆုံးခဲ့ရပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေက hash tag ကို သုံးပြီး #PrayForParis လို့ ရေးသားဖော်ပြကာ သူတို့ရဲ့ လူသားချင်းစာနာမှုကို ဖော်ပြခဲ့ကြတာပါ။

၈။ Star Wars

play

 

ယခုလထဲမှာပဲ ရုံတင်ပြသလိုက်တဲ့ Star Wars : The Force Awakens ဇာတ်ကားနဲ့ ပတ်သက်လို့ မြောက်များစွာသော ပုံရိပ်တွေ၊ သတင်းအကြောင်းအရာတွေနဲ့ အမှတ်တရတွေဟာ လူမှုကွန်ရက်ပေါ်မှာ တဖွဲဖွဲ ရေးသားမျှဝေနေကြတုန်းပါပဲ။

Source & Photo : Vogue

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ