Lifestyle: ချစ်ခြင်းကို ခွဲပစ်မယ့် အရာ (၃) ခု

, updated

ချစ်ရတဲ့လူ ရှိလာပြီဆိုရင် ထာဝရ လက်တွဲချင်ကြတာချည်းပါပဲ။

play

 

ကိုယ် ချစ်ရတဲ့လူနဲ့ သက်ဆုံးတိုင် ပျော်ရွှင်စွာ လက်တွဲလိုတာ သဘာဝပါ။ တစ်ခါတစ်ရံမှာ နားလည်မှုလွဲတာတွေနဲ့ ကိုယ်မသိဘဲ ကျူးလွန်မိတဲ့ အပြစ်တွေကြောင့် သူနဲ့ ဝေးသွားနိုင်ပါတယ်။

၁။ မာန

ကိုယ်ပိုင်မာန လူတိုင်းတော့ ရှိကြပါတယ်။ ကိုယ့်ဘာသာ ဘာကြီးဖြစ်နေနေ သူ့အတွက် ကိုယ်ဟာ ချစ်သူတစ်ယောက်ဖြစ်ပြီး ကိုယ်ကလည်း သူ့ကို မခွဲနိုင်ဘူးဆိုရင်တော့ မာနတွေ လျှော့ချဖို့ လိုပါမယ်။ မှန်တာ မှားတာ အဓိကမဟုတ်ပါဘူး။ တစ်ယောက် ကိုတစ်ယောက် အပြန်အလှန် သည်းခံပေးမှ ဖြစ်မှာပါ။

၂။ သံသယ

ဘာတွေလုပ်နေလဲ၊ ဘယ်သူနဲ့လဲ၊ ဘယ်ရောက်နေလဲ။ မေးခွန်းတွေ မေးတာ ရပ်ပါတော့။ ဂရုတစိုက်ရှိခြင်းက သံသယနဲ့ တခြားစီပါပဲ။ သူပြောတိုင်း မယုံလို့ စစ်ဆေးတာတွေ၊ သူများကို ပြန်မေးတာမျိုးက တစ်ဖက်လူရဲ့သိက္ခာကို ထိခိုက်စေပါတယ်။

၃။ အဆက်အသွယ်

အနေဝေးတာ နီးတာက အရေးမပါဘူးလားလို့ မေးရင် အနေဝေးနေတဲ့ ချစ်သူတွေ စိတ်မကောင်း ဖြစ်ရပါလိမ့်မယ်။ အဓိက အချက်ကတော့ အဆက်အသွယ် မလုပ်ဘဲ အကြာကြီး နေတာမျိုးပါ။ အနေဝေးခြင်း၊ အနေနီးခြင်းထက် တစ်ယောက်ကိုတစ်ယောက် သတိတရ ရှိနေဖို့ လိုအပ်ပါတယ်။ ချစ်တယ်ဆိုရင် အဆက်အသွယ် မဖြတ်ပါနဲ့။ မက်ဆေ့လေးတစ်စောင် ပို့ရမှာ ပျင်းနေရင် အဲ့လို ပျင်းတဲ့ရက်တွေ များလာတဲ့အခါ ကျန်ရစ်ဖြစ်သွားကြတာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ