Lifestyle: ကင်ဆာ ဘာကြောင့် ဖြစ်ရသလဲ

မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်ပွားမှုက ပိုနည်းပြီး နေထိုင်စားသောက်ပုံကိုသာ ပိုဂရုစိုက်ရမယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။

play

 

အမျိုးမျိုးသော ကင်ဆာရောဂါတွေဟာ လူအများထင်ထားကြသလို မျိုးရိုးဗီဇကြောင့် ဖြစ်ပွားမှုက တကယ်တမ်းမှာ နည်းပါးလှတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဆေးလိပ်မသောက်ခြင်း၊ ကိုယ်အလေးချိန် ထိန်းထားနိုင်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားခြင်းတွေကလည်း ကင်ဆာလုံးဝ မဖြစ်ပါဘူးလို့ အာမမခံနိုင်ကြောင်း ဒေါက်တာတွေက သတိပေးလိုက်ပါတယ်။

play

 

ဘဝနေထိုင်မှုပုံစံနဲ့ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်ပွားမှုတွေမှာ ဘယ်အရာကြောင့် ပိုအဖြစ်များလဲဆိုတာ သုတေသီတွေအကြား အငြင်းပွားခဲ့တာ နှစ်နဲ့ ချီနေပါပြီ။ တစ်ချို့ကလည်း ကံဆိုးမှုကြောင့် ကင်ဆာဖြစ်ပွားတာလို့ ဆိုပြန်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်ခြင်းဟာ ကင်ဆာဖြစ်ပွားမှုကို လုံးလုံးမကာကွယ်နိုင်ပေမယ့် ဖြစ်မလာဖို့ တားဆီးရာမှာတော့ အထောက်အကူ ပြုတယ်လို့ ပြောပါတယ်။

play

 

အချုပ်အားဖြင့်ဆိုရင်တော့ လက်ရှိတွေ့ရှိထားသမျှ အချက်အလက်အရ ကင်ဆာအမျိုးမျိုးဟာ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့သာ အဓိကသက်ဆိုင်တဲ့ ရောဂါလက္ခဏာ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

Source : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ